ဘန်ကောက်၊ သြဂုတ် ၂၁

ပြည်ပသို့ ကုန်တင်ပို့မှု လျော့ကျမှုနဲ့ အပြိုင်အဆိုင်မရှိတဲ့ ကုန်ထုတ်လုပ်မှုတို့ကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေး အကြပ်ဆိုက်ခါနီးနေပြီလို့ ယာယီ ဘဏ္ဍာရေးဝန်ကြီး ပီချိုင်း ချွန်ဟာဗာဂျီရာက သြဂုတ် ၂၁ ရက်မှာ သတိပေးလိုက်ပါတယ်။

ပြည်ပသို့ ကုန်တင်ပို့မှုဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ၇၀ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပေမယ့် ထုတ်လုပ်ရေးကဏ္ဍဟာ ဈေးကွက် ဝယ်လိုအားကို လိုက်မမှီနိုင် ဖြစ်နေတယ်လို့ ယာယီဝန်ကြီး ပီချိုင်းက စီးပွားရေး ဆွေးနွေးပွဲ တစ်ခုမှာ ပြောကြားခဲ့တာပါ။

“ကျွန်တော်တို့ ယှဉ်ပြိုင်လို့ မရဘူး။ ကျွန်တော်တို့ အချိန်မီ နေသားကျအောင် လုပ်လို့ မရဘူး ဖြစ်နေပါတယ်” လို့ ပီချိုင်းက ပြောပါတယ်။

အရှေ့တောင်အာရှရဲ့ ဒုတိယ အကြီးမားဆုံး စီးပွားရေးဟာ စောစောပိုင်း တစ်နှစ်ကထက် ဧပြီကနေ ဇွန်လအထိ သုံးလပတ်ကာလမှာ ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး အဲဒီကာလမတိုင်ခင် သုံးလပတ်ကာလက ဖွံ့ဖြိုးမှု ၁ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာကနေ တိုးတက်မှု အရှိန်မြင့်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သုံးလပတ် အလိုက် ဖွံ့ဖြိုးမှု နှေးကွေးနေပြီး အရင်သုံးလက ဖွံ့ဖြိုးမှု ၁ ဒသမ၂ ရာခိုင်နှုန်း ရှိခဲ့ရာက ဒုတိယ သုံးလပတ်ကာလမှာ ၀ ဒသမ ၈ ရာခိုင်နှုန်း အထိ နှေးကွေးသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့ နှစ်က ၁ ဒသမ ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့ပြီး ဒါဟာ ဒေသဆိုင်ရာ တန်းတူ နိုင်ငံတွေနောက်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ထိုင်းဘဏ္ဍာရေးဝန်ကြီးက ၂၀၂၄ ခုနှစ်အတွက် စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းဘဏ် BoT က သူတို့ရဲ့ အဓိက အတိုးနှုန်းကို မပြောင်းလဲဘဲ ဆယ်စုနှစ် တစ်နှစ်စာ အများဆုံး သတ်မှတ်ထားခဲ့တဲ့ ၂ ဒသမ ၅၀ ရာခိုင်နှုန်းအထက် သတ်မှတ်လိမ့်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။

ဒါပေမဲ့ အစိုးရရဲ့ ဘတ် ၁၄၅ ဘီလီယံ ပေးဝေမယ့် အစီအစဉ် မသေချာ မရေရာမှုကြောင့် အတိုးနှုန်း လျှော့ချရေး ဖိအားလှိုင်းသစ် တစ်ခု ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.