August 21, 2024

စစ်အာဏာသိမ်း (၁၂၉၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၃၄) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၂ AAPP ရဲ့ သြဂုတ် ၂၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၉၈) ရက်အတွင်း ပြည်သူ (၅၅၃၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံaခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၂၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၅၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းဥပဒေမဲ့ရိုက်နှက်ညှင်းပန်းနှိပ်စက်မှု အမြင့်ဆုံးဖြစ်လာ

မော်လမြိုင်၊ ဩဂုတ် ၂၂ နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသူ၊ အ ကျဉ်းသားတွေအပေါ် ဥပဒေမဲ့ ရိုက်နှက်ညှင်းပန်းနှိပ်စက်မှု ဆိုးဆိုးဝါးဝါး ကျူးလွန်လာတယ်လို့ အကျဉ်းသားများအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းမှုအတွင်း မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ အကျဉ်းသားအခွင့်အရေး ချိုးဖောက်တာအပြင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်တွေထံ ခပ်စိပ်စိပ် ပြောင်းရွှေ့ခံနေရပါတယ်။…

ဘားအံမြို့နယ်က ပြည်သူ့စစ်အဖွဲ့တွေ စစ်ကောင်စီထံ လက်နက်ပြန်အပ်

ဘားအံ၊ သြဂုတ် ၂၂ ကရင်ပြည်နယ် ဘားအံမြို့နယ် KNLA တပ်ရင်း ၁ နယ်မြေအတွင်းရှိ ကျေးရွာတွေက ပြည်သူ့စစ်အဖွဲ့တွေဟာ စစ်ကောင်စီထံ လက်နက်ပြန်လည်အပ်နှံလိုက်ပြီး တပ်ဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်ပြီလို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ KNU သထုံခရိုင် တပ်မဟာ ၁ ကရင်ပြည်နယ် ဘားအံမြို့နယ် တပ်ရင်း ၁ နယ်မြေအတွင်းရှိ ဝင်းဒရယ်၊ ကျုံခန၊ တံတားဦး၊ နို့အောလာ၊…

ကျိုက်ထို KRF တပ်ဖွဲ့ဝင်လေးဦး စီးနင်းတိုက်ခိုက်ခံရလို့ကျဆုံး

ကျိုက်ထို၊ ဩဂုတ် ၂၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးက နေအိမ်တစ်လုံးမှာ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင် လေးဦး စီးနင်းတိုက်ခိုက်ခံရတာကြောင့် ကျဆုံးသွားလို့ အဲဒီအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၂၁ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင်တွေ ယာယီရောက်ရှိနေတဲ့နေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့…

ကျိုက်ထိုမှာ ရှေ့နေတစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

ကျိုက်ထို၊ ဩဂုတ် ၂၂ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက်နေ အမျိုးသမီးရှေ့နေတစ်ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က အမျိုးသမီးရှေ့နေ ဒေါ်စံပယ်ကို စစ်ကောင်စီတပ်က နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ရှေ့နေဒေါ်စံပယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။…

သံဖြူဇရပ်မှာ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ နှစ်ဦး သေဆုံး

သံဖြူဇရပ်၊ ဩဂုတ် ၂၁ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ တောင်ညိုစစ်ကြောင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ရဲတံခွန်ကျေးရွာ တောင်ပေါက်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းလှုပ်ရှားစဉ် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့…

ခေတ်သစ်မွန်တော်လှန်ရေး ဘယ်လောက်အထိ ခရီးပေါက်နေပြီလဲ။

“မွန်လူထုတစ်ရပ်လုံးကို ပြောချင်တာက ကျွန်တော်တို့ကျရာ ကဏ္ဍမှာ တော်လှန်ရေးကို ပုံအောပြီးတော့ အားအင်တွေဝိုင်းဖြည့် ပေးကြပါလို့ တောင်းဆိုချင်ပါတယ်” – နိုင်‌ကောင်းစကား (NMSP-AD) လွန်ခဲ့တဲ့ ၇၇ နှစ်၊ ၁၉၄၈ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့မှာ နိုင်ပန်းသာ၊ နိုင်မောင်သိန်းနဲ့ မျိုးချစ်လူငယ် ၂၇ ဦးက ဦးဆောင်ပြီး ခေတ်သစ်မွန်တော်လှန်ရေးတပ်ကို ထူထောင်ကာ မွန်တော်လှန်ရေးကို အစပြုခဲ့ကြပါတယ်။…

ထိုင်းနိုင်ငံ စီးပွားရေး အကြပ်ဆိုက်ခါနီးနေပြီလို့ ယာယီ ဘဏ္ဍာရေး ဝန်ကြီး သတိပေး

ဘန်ကောက်၊ သြဂုတ် ၂၁ ပြည်ပသို့ ကုန်တင်ပို့မှု လျော့ကျမှုနဲ့ အပြိုင်အဆိုင်မရှိတဲ့ ကုန်ထုတ်လုပ်မှုတို့ကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေး အကြပ်ဆိုက်ခါနီးနေပြီလို့ ယာယီ ဘဏ္ဍာရေးဝန်ကြီး ပီချိုင်း ချွန်ဟာဗာဂျီရာက သြဂုတ် ၂၁ ရက်မှာ သတိပေးလိုက်ပါတယ်။ ပြည်ပသို့ ကုန်တင်ပို့မှုဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ၇၀ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပေမယ့် ထုတ်လုပ်ရေးကဏ္ဍဟာ ဈေးကွက် ဝယ်လိုအားကို လိုက်မမှီနိုင်…

ကုလ အထူးကိုယ်စားလှယ်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

ဘေဂျင်း၊ သြဂုတ် ၂၁ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ သြဂုတ် ၂၀ ရက်က ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ မြန်မာ့ပြဿနာနဲ့ ပတ်သက်လို့ တရုတ်က မြန်မာရဲ့ အချုပ်အခြာ အာဏာ၊ လွတ်လပ်မှု၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ နယ်နိမိတ် ဆိုင်ရာ ဂုဏ်သိက္ခာတို့ကို လေးစားမှု…