တိုင်ပေ၊ သြဂုတ် ၂၀
ထိုင်ဝမ်ကျွန်း အရှေ့တောင်ဖက် ကမ်းရိုးတန်းရှိ အတိမ်အစောင်းမခံနိုင်တဲ့ လက်နက် စမ်းသပ်ရာနေရာမှာ ထိုင်ဝမ် စစ်တပ်က သြဂုတ် ၂၀ ရက်မှာ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ ပစ်ခတ်ပြီး သူတို့ရဲ့ ပစ်ခတ်နိုင်စွမ်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။
တရုတ်က သူတို့ပိုင်နက်လို့ ရှုမြင်ထားတဲ့ ထိုင်ဝမ်က တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မကြာခဏ စောဒက တက်ထားပါတယ်။
ဘေဂျင်းအစိုးရက ထိုင်ဝမ်အပေါ် အချုပ်အခြာ အာဏာ ပိုင်ဆိုင်ကြောင်း ပြသဖို့ ကြိုးပမ်းနေတာကြောင့် ထိုင်ဝမ်ကလည်း သူတို့ရဲ့ ကာကွယ်ရေးအင်အား အားကောင်းအောင် လုပ်ဆောင်နေပါတယ်။
ဒုံးကျည်တွေဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေး မဟာဗျူဟာမှာ အဓိကကျတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပြီး အမေရိကန် ထုတ်ရော ပြည်တွင်းထုတ် ပစ္စည်းတွေကိုပါ သုံးစွဲနေပါတယ်။
ထိုင်ဝမ်ရဲ့ ပိန်းတောင် ဒေသရှိ ဂျီယူပင်း အခြေစိုက်စခန်းမှာ စစ်တပ်က အမေရိကန်ထုတ် Patriot ဒုံးကျည်တွေနဲ့ ထိုင်ဝမ်ထုတ် Sky Bow III ဒုံးကျည်တွေကို သတင်းထောက်တွေ ရှေ့မှာ ပစ်ခတ်ပြခဲ့တာ ဖြစ်ပါတယ်။
မိမိတို့ ဒီကနေ့ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် အားလုံး ပစ်မှတ်ကို ချောချောမွေ့မွေ့ ထိမှန်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူ ဆွန်လီဖန်းက ပြောပါတယ်။
အဲဒီ အခြေစိုက်စခန်းဟာ တရုတ် ပြည်မကြီး ကုန်းတွင်းပိုင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး ထိုင်ဝမ်က ထုတ်လုပ်ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေ အပါအဝင် ပြည်တွင်းဖြစ် လက်နက်ကြီးတွေကို စမ်းသပ်တဲ့ နေရာ ဖြစ်ပါတယ်။
ဘေဂျင်းက သူတို့ အပိုင်ဒေသ ဖြစ်တယ်လို့ ပြောထားပေမယ့် ထိုင်ဝမ်က ပယ်ချထားပြီး မိမိတို့ရဲ့ အနာဂတ်ကို ပြည်သူတွေကပဲ ဆုံးဖြတ်လိမ့်မယ်လို့ ပြောဆိုထားပါတယ်။
Ref:Reuters