ဆစ်ဒနီ၊ သြဂုတ် ၂၀

သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကြား စစ်တပ်တွေကို အပြန်အလှန် ချထားခွင့်ရှိမယ့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် အန်ထိုနီ အယ်ဘာနစ်က သြဂုတ် ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒါက နှစ်နိုင်ငံစလုံးအတွက် အရေးကြီးတဲ့ နှစ်ဖက်လုံခြုံရေးကို ကူညီပေးရေးမှာ အရေးပါတဲ့ သဘောတူညီမှု ဖြစ်သလို ဒေသတွင်းလုံခြုံရေး တည်ငြိမ်ရေးတို့အတွက်လည်း အရေးပါတဲ့ သဘောတူညီချက် ဖြစ်တယ်လို့ ကင်ဘာရာမြို့မှာ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုနဲ့ ပူးတွဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် အန်ထိုနီ အယ်ဘာနစ်က ပြောကြားလိုက်တာပါ။

အင်ဒိုနီးရှားနဲ့ သြစတြေးလျတို့ကြားမှာ ကမ္ဘာ့အရှည်ဆုံး ရေပြင် နယ်စပ်ရှိနေပြီး သူတို့နှစ်နိုင်ငံဟာ လုံခြုံရေး၊ လူကုန်ကူးမှုနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး တို့ကို ကိစ္စရပ်များစွာမှာ ပူးပေါင်းဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။

သြစတြေးလျဟာ အမေရိကန်၊ ဗြိတိန်တို့နဲ့ ချုပ်ဆိုခဲ့တဲ့ ကာကွယ်ရေး သဘောတူညီမှု အပါအဝင် မကြာသေးခင် နှစ်တွေမှာ ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှု တော်တော်များများ ချုပ်ဆိုခဲ့တာကြောင့် တရုတ်ကို ဒေါသထွက်စေခဲ့ပါတယ်။

သြစတြေးလျနဲ့ အင်ဒိုနီးရှားတို့ဟာ အရင်းနီးဆုံး အိမ်နီးချင်းတွေ ဖြစ်ပြီး တူညီတဲ့ ကံကြမ္မာလည်းရှိတဲ့ နိုင်ငံတွေ ဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက် မာလက်စ်က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့တဲ့ ဖိုရမ် တစ်ခုမှာ သမ္မတ ပရာဘိုဝိုက အင်ဒိုနီးရှားအနေနဲ့ ဘက်မလိုက်တဲ့ မူဝါဒကို ကိုင်စွဲသွားမှာ ဖြစ်ပြီး အမေရိကန်နဲ့ရော တရုတ်နဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးထားရှိသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.