August 20, 2024

စစ်အာဏာသိမ်း (၁၂၉၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၃၂) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၁ AAPP ရဲ့ သြဂုတ် ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၉၇) ရက်အတွင်း ပြည်သူ (၅၅၃၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံaခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၂၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၅၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ရှုံးနေတဲ့စစ်ကောင်စီ ရပ်ကျေးအဆင့်အထိ လက်နက်တပ်ဆင်ဖို့ လုပ်ဆောင်နေ

နေပြည်တော် ၊ ဩဂုတ် ၂၁ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ကြောင့် စစ်မျက်နှာများစွာမှာ အရေးနိမ့်မှုတွေ ဆက်တိုက်ကြုံနေရတဲ့ စစ်ကောင်စီဟာ နေပြည်တော်ကောင်စီကနေ ရပ်ကွက်ကျေးရွာအဆင့်အထိ လက်နက်တပ်ဆင်ဖို့ လုပ်ဆောင်လာပါတယ်။ ဩဂုတ် ၁၆ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ စစ်ကောင်စီရဲ့ အမိန့်ကြော်ငြာစာအရ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေမှာ နေပြည်တော်ကောင်စီအပါအဝင်…

လောင်းလုံးမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

လောင်းလုံး၊ ဩဂုတ် ၂၁ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက် လက် နက်ကြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ လောင်းလုံး PDF ထံကနေ သိရပါတယ်။ မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဩဂုတ် ၁၈ ရက်နေ့ကစတင်ပြီး သဲပုံတောင်စစ်ကောင်စီတပ်စခန်းနဲ့ သဘော့ဆိပ်ရွာ အနောက်ဘက် ပင်လယ်ပြင်မှာ ကင်းလှည့်နေတဲ့ စစ်သင်္ဘောကနေ…

ကျွန်းစုမှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့ဖို့ ကြိုးပမ်းသူနှစ်ဦး ပစ်သတ်ရှင်းလင်းခံရ

ကျွန်းစု၊ ဩဂုတ် ၂၁ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မင်းခေါင်းဆေးကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့ ဒေသအခေါ် ပျူစောထီးအဖွဲ့ ဖွဲ့ဖို့ ကြိုးပမ်းနေသူနှစ်ဦးအား သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်း လင်းခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ ပြည်သူ့စစ်အဖွဲ့ ဖွဲ့ဖို့ ဒေသခံတွေကို လူသစ်စုဆောင်းနေတဲ့ မင်းခေါင်းဆေးကျေးရွာ ရာအိမ်မှူးဦးနောင်မှေးနဲ့ ဦးကြည်စင်အောင်တို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက် ညနေ…

သီပေါမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံး

သီပေါ၊ ဩဂုတ် ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး ဓာတ်ဆီသိုလှောင်ကန် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့က သီပေါမြို့ရှိ စစ်ကောင်စီရဲ့ ခလရ ၂၃ တပ်ရင်းအနီးရှိ နာမုံရပ်ကွက်ကို စစ်ကောင်စီလေတပ်မှ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအမျိုးသားနှစ်ဦး သေ ဆုံးခဲ့တယ်လို့ ဆိုပါတယ်။…

မွန်တော်လှန်ရေး အင်တင်တင်ဖြစ်နေတယ်လို့ TNLA အ တွင်းရေးမှူးဝေဖန်၊ NCA ကို ကျောခိုင်းစွန့်လွှတ်ပြီး စုစုစည်းစည်းလုပ်ဖို့တိုက်တွန်း

မော်လမြိုင်၊ သြဂုတ် ၂၀ ညီနောင်(မွန်)တို့ရဲ့ တော်လှန်ရေးဟာ နှောင့်နှေးကြန့်ကြာပြီး အင်တင် တင် ဖြစ်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဗိုလ် မှူးကြီးတာပန်လက ထောက်ပြဝေဖန်လိုက်ပါတယ်။ ဩဂုတ် ၁၉ ရက်နေ့က မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ ဦးဆောင်ပြုလုပ်တဲ့ ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားမှာ ဗိုလ်မှူးကြီး တာပန်လက အခုလိုထောက်ပြပြောဆိုခဲ့တာပါ။ ဗိုလ်မှူးကြီး…

ပွင့်ဖြူမြို့နယ်မှာ Non-CDM ပညာရေးဝန်ထမ်းတွေကို အတင်းအကြပ် ကျောင်းဖွင့်ခိုင်းနေ

မကွေး ဩဂုတ် ၂၀ လက်ရှိမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာမှာ စစ်ကောင်စီက Non-CDM ပညာရေးဝန်ထမ်းတွေကို အတင်းအကြပ် ဖိအားပေးပြီး ကျောင်းဖွင့်ခိုင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ သြဂုတ် ၂၀ ရက်မှာတော့ မဲဇလီရွာ အထက်တန်းကျောင်းမှာရှိတဲ့ Non – CDM ဆရာ၊ ဆရာမ အကုန်စာသင်နေရတယ်လို့ သိရပါတယ်။ “ကျောင်းသားတွေတော့ လာကြတယ်။ ဘယ်ကကျောင်းသားတွေလဲ မသိဘူး။…

ဝေဟင်ပစ်ဒုံးကျည်တွေ ပစ်ခတ်နိုင်စွမ်း ထိုင်ဝမ် ထုတ်ဖော်ပြသ

တိုင်ပေ၊ သြဂုတ် ၂၀ ထိုင်ဝမ်ကျွန်း အရှေ့တောင်ဖက် ကမ်းရိုးတန်းရှိ အတိမ်အစောင်းမခံနိုင်တဲ့ လက်နက် စမ်းသပ်ရာနေရာမှာ ထိုင်ဝမ် စစ်တပ်က သြဂုတ် ၂၀ ရက်မှာ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ ပစ်ခတ်ပြီး သူတို့ရဲ့ ပစ်ခတ်နိုင်စွမ်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ တရုတ်က သူတို့ပိုင်နက်လို့ ရှုမြင်ထားတဲ့ ထိုင်ဝမ်က တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မကြာခဏ စောဒက…

နှစ်ဖက်စစ်တပ်တွေ အပြန်အလှန်ချထားနိုင်ဖို့ သြစတြေးလျနဲ့ အင်ဒိုနီးရှားတို့ သဘောတူညီမှုရရှိ

ဆစ်ဒနီ၊ သြဂုတ် ၂၀ သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကြား စစ်တပ်တွေကို အပြန်အလှန် ချထားခွင့်ရှိမယ့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် အန်ထိုနီ အယ်ဘာနစ်က သြဂုတ် ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒါက နှစ်နိုင်ငံစလုံးအတွက် အရေးကြီးတဲ့ နှစ်ဖက်လုံခြုံရေးကို ကူညီပေးရေးမှာ အရေးပါတဲ့ သဘောတူညီမှု ဖြစ်သလို ဒေသတွင်းလုံခြုံရေး…

KNU နယ်မြေမှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားငါးဦး ဒဏ်ရာရ

မုန်း ၊ သြဂုတ် ၂၀ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်နဲ့ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူငါးဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါ တယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့က မုန်းမြို့နယ်အခြေစိုက် အမှတ် ၄၃၉ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဘုရားလဟာကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။ လက်နက်ကြီး…