ဘန်ကောက် ဩဂုတ် ၁၉

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှာ ကျရောက်ခဲ့တဲ့ ထိုင်းဘုရင်ရဲ့ သက်တော် ၇၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့မှာ သောင်းနဲ့ချီတဲ့အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ ပြီးခဲ့တဲ့နှစ်ကမှ ပြည်တော်ပြန်ဝင်လာပြီး ထောင်ဒဏ် ၈ နှစ်ကနေ ထောင်ဒဏ် ၁ နှစ်အထိ လျှော့ပေါ့ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်လည်း ပါဝင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှာနာဝပ်ထရာရဲ့ အပြစ်ကင်းစင်ကြောင်း ထောက်ခံချက်ကို ရက်ပေါင်း ၁၂၀ အတွင်း ထုတ်ပြန်မှာဖြစ်တယ်လို့ ထိုင်း ပြုပြင်ထိန်းသိမ်းရေးဌာနက ဆိုပါတယ်။ တော်ဝင်အမိန့်ပြန်တမ်းကို ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်နေ့က တော်ဝင်ဂယ်ဇက်တီဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တာပါ။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ထောင်ဒဏ် တစ်နှစ်ကလည်း လာမယ့် ဩဂုတ် ၃၁ ရက်ကို ကာလသက်တမ်းပြည့်ပြီဖြစ်ပါတယ်။

ပြုပြင်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူ ဆာဟာကန် ဖက်နာရင်က အခုလက်ရှိ သက်ဆင်ဟာ လွတ်လပ်တဲ့သူတစ်ယောက် ဖြစ်သွားခဲ့ပြီး လာမယ့် ရက်ပေါင်း ၁၂၀ အတွင်းမှာ သူ့ရဲ့ အပြစ်ကင်းစင်ကြောင်း ထောက်ခံချက်ကို ထုတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

လုပ်ငန်းစဉ်အရ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ ထောင်အကြီးအကဲတွေ၊ တရားသူကြီးတွေနဲ့ အမှုစစ်တွေက ဘုရင့်လွတ်ငြိမ်းခွင့်ထဲမှာ ပါဝင်တဲ့ ထောင်သားတွေရဲ့ စာရင်းကိုတရားရုံးထံ တင်သွင်းရမှာဖြစ်ပြီး အဲဒီနောက် ထောက်ခံချက်ထုတ်ပေးမှာ ဖြစ်ပါတယ်။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.