ကြာအင်းဆိပ်ကြီး၊ သြဂုတ် ၂၀

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာထဲမှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေပြီး တိုက်ပွဲတွေလည်း ထပ်မံဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

KNU တပ်မဟာ ၆ ဝင်းရေးမြို့နယ်ထဲမှာပါဝင်တဲ့ အနန်းကွင်းကျေးရွာမှာ ဩဂုတ်လ ဒုတိယအ ပတ်ကနေစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်တာအပြင် မွန်ပြည်နယ် သံ ဖြူဇရပ်အ‌ခြေစိုက် ဝဲကလိတပ်ကလည်း လက်နက်ကြီးပစ်ကူတာတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အနန်းကွင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဗျူ ဟာစခန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်ပိတ်ဆို့ထားပြီး ဗျူဟာမကျရေးအတွက် စစ်ကောင်စီတပ်က အခုလိုလက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ ပြုလုပ်နေတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတွေဘေးလွတ်ရာကို ထွက် ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကလည်း သံဖြူဇရပ်မြို့နယ် ဝဲကလိအခြေစိုက် တပ်ရင်းကနေတစ်ဆင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်း၊ တညင်၊ အနန်းကွင်းကျေးရွာတွေနဲ့ ရေးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ကရင်ပြည်နယ် ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းပေါ်ရှိ အနန်းကွင်းကျေးရွာမှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့တဲ့မတ်လတုန်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ နေ ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.