August 19, 2024

စစ်အာဏာသိမ်း (၁၂၉၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၁၈) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၀ AAPP ရဲ့ သြဂုတ် ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၉၆) ရက်အတွင်း ပြည်သူ (၅၅၁၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံaခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၁၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၅၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မပြီးဆုံးသေးတဲ့ မွန်တွေရဲ့ တော်လှန်‌ရေးခရီးကြမ်း

မော်လမြိုင် ၊ ဩဂုတ်၂၀ ဆယ်စုနှစ် တစ်ခုပြီးတစ်ခု ဖြတ်သန်းလာခဲ့တဲ့ မွန်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ဒီကနေ့ကာလအထိမပြီးဆုံးဘဲ မျိုးဆက်သစ်တွေက တော်လှန်ရေးခရီးကြမ်းကို အခြားအင်အားစုတွေနဲ့အတူ ရင်ဆိုင်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ မွန်အမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်၊ မွန်ကြမ္မာမွန်တို့ဖန်တီးခွင့်ရရှိရေးအတွက် မွန်လူငယ်တစ်စုကနေ ဦးဆောင်စတင်လာခဲ့တဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးဟာ အခုအခါမှာ ၇၇ နှစ် ပြည့်မြောက်ခဲ့ပါပြီ။ ဒါပေမယ့် မွန်တွေ လိုလားတဲ့ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အစရှိတဲ့…

ကျိုက်ထိုမြို့နယ်ရဲမှူးကို စစ်ကောင်စီတပ် ဖမ်းဆီးစစ်ဆေးနေ

ကျိုက်ထို၊ ဩဂုတ် ၂၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့ရဲ့ မြို့နယ်ရဲမှူးဇော်ဇော်ကို စစ်ကောင်စီတပ်က ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ထောက်ပို့လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့သြဂုတ် ၁၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ မြို့နယ်ရဲမှူး ဇော်ဇော်ကို သူနေထိုင်ရာ ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့ရုံးအရှေ့က မြို့နယ်ရဲမှူးအိမ်ရာအတွင်း အင်အားအလုံးအ…

ကြာအင်းဆိပ်ကြီး အနန်းကွင်းဒေသမှာ စစ်ရေးပိုမိုတင်းမာနေ

ကြာအင်းဆိပ်ကြီး၊ သြဂုတ် ၂၀ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာထဲမှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေပြီး တိုက်ပွဲတွေလည်း ထပ်မံဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ KNU တပ်မဟာ ၆ ဝင်းရေးမြို့နယ်ထဲမှာပါဝင်တဲ့ အနန်းကွင်းကျေးရွာမှာ ဩဂုတ်လ ဒုတိယအ ပတ်ကနေစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း…

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ညှင်းပန်းနှိပ်စက်ခံနေရ

ပဲခူး၊ ဩဂုတ် ၁၉ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ထံ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်ညှင်းပန်းနှပ်စက်မှုကို ခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေ သိရပါတယ်။ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအများစု ပါဝင်တဲ့ အကျဉ်းသား ၃၀၀ ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့မှာ နာမည်ဆိုးနဲ့…

မောင်တောတိုက်ပွဲမှာ လူသားဒိုင်းကာအဖြစ် အသုံးပြုခံရတဲ့ ဒေသခံ နှစ်သောင်းနီးပါး AA ကယ်ထုတ်

မောင်တော၊ ဩဂုတ် ၁၉ ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရတဲ့ ဒေသခံပြည်သူ နှစ်သောင်းနီးပါးကို ကယ်ထုတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဩဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့အတွက် မောင်တောမြို့ခံ ပြည်သူတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကတည်းက ရက္ခိုင့်တပ်တော် AA က အသိပေးခဲ့ပေမယ့်…

ထိုင်းရောက် မြန်မာတွေ ဘယ်လိုအခက်အခဲတွေ ကြုံနေကြရသလဲ။

“ထိုင်းနိုင်ငံမှာ ရှိတဲ့ အလုပ်သမားတွေကလည်း တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ လက်ရှိ ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေကိုအစဉ်မပြတ် နိုးနိုးကြားကြားနဲ့ လေ့လာပြီး နေထိုင်ဖို့ အားလုံးကို အကြံပေးချင်ပါတယ်” – ဦးအောင်ကျော် (အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း) မြန်မာနိုင်ငံသားတွေရဲ့ ဒုတိယအိမ်လို့တောင် ခေါ်ဆိုကြတဲ့ ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာအရေအတွက်ဟာ အာဏာသိမ်းပြီးတဲ့နောက် အမြင့်ဆုံးအနေအထားကို ရောက်ရှိလာပါတယ်။ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံထဲကို တရားဝင်ရော တရားမဝင်ပါ…

ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်လက်ကူညီမယ်လို့ ဘင်္ဂလားဒေ့ချ် ယာယီအစိုးရ ပြော

ဒါကာ၊ သြဂုတ် ၁၉ ဘင်္ဂလားဒေ့ချ် အစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဆက်လက် ကူညီသွားမှာ ဖြစ်ကြောင်း ယာယီ အစိုးရအဖွဲ့ အကြီးအကဲ နိုဘယ်ဆုရှင် မိုဟာမက် ယူနာ့စ်က သြဂုတ် ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ ယာယီအစိုးရအဖွဲ့ အကြီးအကဲ ယူနာ့စ်က ဘင်္ဂလားဒေ့ချ်အတွက် အရေးအကြီးဆုံး မူဝါဒနှစ်ရပ်ကို နိုင်ငံတကာ သံတမန်တွေ ရှေ့မှောက်မှာ ချပြခဲ့ချိန်…

သက်ဆင် သမီးဖြစ်သူကို ထိုင်းဝန်ကြီးချုပ်အဖြစ် ဘုရင့်နန်းတော် အတည်ပြု

ဘန်ကောက်၊ သြဂုတ် ၁၉ ပသွန်ထန် ရှင်နာဝါထရာကို ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က ရွေးချယ်လိုက်ပြီးနောက် နှစ်ရက်အကြာမှာ ဘုရင့်နန်းတော်က လက်ခံ အတည်ပြုလိုက်တာကြောင့် သူ့အနေနဲ့ လာမယ့်ရက်တွေမှာ အစိုးရဝန်ကြီးများအဖွဲ့ ဖွဲ့စည်းရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မဟာမိတ် ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ထုတ်ပယ်လိုက်ပြီးနောက် ရက်ပိုင်းအကြာ အသက်…

မွန်ပြည်တည်ထောင်မယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကတိပြု

မော်လမြိုင်၊ သြဂုတ် ၁၉ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ မွန်လူမျိုးတို့ကို ကိုယ်စားပြုတဲ့ ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်နိုင်ဖို့ အားထုတ်ကြိုးပမ်းသွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ကတိပြုကြောင်း မွန်တော်လှန်ရေးနေ့မှာ ကြေညာပါတယ်။ ဒီနေ့ သြဂုတ် ၁၉ ရက်နေ့ ဝါခေါင်လပြည့်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မွန်ပြည်တော်လှန်ရေးနေ့အတွက် သဘောထားကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ၇၇…