August 17, 2024

မွန်ပြည်နယ်မှာ သန်းခေါင်စာရင်း စကောက်ဖို့ စစ်ကောင်စီပြင်ဆင်

မော်လမြိုင် ၊ ဩဂုတ် ၁၈ မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ နိုင်ငံအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ ရွေး‌ကောက်ပွဲကျင်းပနိုင်ရေးအတွက် သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာ သန်းခေါင်စာရင်းစတင်ကောက်ယူဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ သန်းခေါင်စာရင်း စတင်ကောက်ယူဖို့အတွက် သြဂုတ် ၁၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြကြိုင် ဦးဆောင်ပြီး သန်းခေါင်စာရင်း ကောက်ယူရေး တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။…

ကျိုက်ထိုမှာ ရဲတပ်သားတစ်ဦးနဲ့ ဒေသခံလေးဦးကို စစ်ကောင်စီဖမ်းဆီး

ကျိုက်ထို၊ ဩဂုတ် ၁၈ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထိုမြို့မရဲစခန်းက ရဲတပ်သားတစ်ဦးနဲ့ ဒေသခံလေးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေအပြင် စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ သြဂုတ်ဒုတိယအပတ်အတွင်း ကျိုက်ထိုမြို့မရဲစခန်းက ရဲတပ်သားပြည်သူရစိုးနဲ့ တောင်သူစုရပ်ကွက်နေ ကိုဇော်ထက်ချိုအပါအဝင် ဒေသခံလေးဦး ဖမ်းဆီးသွားခဲ့တာပါ။ စစ်ကောင်စီတပ် ထပ်မံဖမ်းဆီးခဲ့တဲ့ ရဲတပ်သားပြည်သူရစိုးဟာ ပြီးခဲ့တဲ့ မေလတုန်းက ကျိုက်ထိုပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ သတင်းပေးဆောင်ရွက်တယ်ဆိုတဲ့…

ထားဝယ် အရှေ့တောဒေသမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

ထားဝယ်၊ ဩဂုတ် ၁၈ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် လာတာကြောင့် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုစစ်ကြောင်းဖြစ်တဲ့ ထားဝယ်စုပေါင်းစစ်ကြောင်းထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ သြဂုတ်လဒုတိယအပတ်ကစပြီး ထားဝယ်အရှေ့တောဒေသထဲ အင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲတွေဟာ သြဂုတ် ၁၆ ရက်နေ့နဲ့ ၁၇…

ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေ စစ်သားစုဆောင်းခံနေရ

ရန်ကုန်၊ ဩဂုတ် ၁၇ ထိုင်းနိုင်ငံ ရနောင်းထောင်မှာ အကျဉ်းကျခံရပြီးနောက် ထိုင်းအရာရှိတွေပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၇၀ ကျော်ကို စစ်ကောင်စီအရာရှိတွေက အတင်းအကျပ် စစ်မှုထမ်းခိုင်းလိုက်တယ်လို့ မိသားစုဝင်တွေက ဩဂုတ် ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံတဝန်း အရှုံးပွဲအလီလီ ကြုံတွေ့နေပြီး နယ်မြေများစွာ လက်လွတ်လိုက်ရပြီးနောက် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ပြန်ပို့လိုက်တဲ့ အဲဒီမြန်မာနိုင်ငံသားတွေဟာ…

မြန်မာ့တော်လှန်ရေးအင်အားစုတွေကို အကူအညီ ပိုပေးမယ်လို့ အမေရိကန် ကတိပြု

ဝါရှင်တန် ဩဂုတ် ၁၇ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာ့တော်လှန်ရေး အင်အားစုတွေနဲ့ အမေရိကန်အရာရှိတွေဟာ ဩဂုတ် ၁၆ ရက်မှာ အွန်လိုင်းကနေ တွေ့ဆုံခဲ့ကြပြီး အရပ်သားအစိုးရ ရွေးကောက်တင်မြှောက်နိုင်ရေး တိုက်ရိုက် ကူညီပေးဖို့ သဘောတူခဲ့တဲ့အပြင် စစ်ကောင်စီကို ဆက်လက် ဖိအားပေးရေး ကတိပြုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဝါရှင်တန်အစိုးရရဲ့ ဒေသဆိုင်ရာ ပြိုင်ဘက် တရုတ်က…

မောင်တောက စစ်ဘေးရှောင် နှစ်သောင်းနီးပါးအတွက် ဆေးဝါးအရေးပေါ် လိုအပ်နေ

မောင်တော၊ ဩဂုတ် ၁၇ ရခိုင်ပြည်နယ် မောင်တောမြို့က တိုက်ပွဲတွေအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် နှစ်သောင်းနီးပါးဟာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေတဲ့အတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဩဂုတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲတွေမှာ မြို့အတွင်း ပိတ်မိနေကြတဲ့ ဒေသခံပြည်သူတွေနဲ့ အနီးပတ်ဝန်း ကျင်မှ အရပ်သားပြည်သူ နှစ်သောင်းနီးပါးကို စစ်ပွဲနဲ့ ကင်းလွတ်တဲ့နေရာတွေကို ရက္ခိုင့်တပ်တော် AA က…

မိုးမိတ်နဲ့သီပေါမှာ တိုက်ပွဲပြင်းထန်

မိုးမိတ်၊ ဩဂုတ် ၁၇ တအောင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်နဲ့သီပေါမြို့နယ်တို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ TNLA က ဩဂုတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သီပေါမြို့နယ်ရှိ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၃ တပ်စခန်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ၊…

ဘီးလင်းတိုက်ပွဲအတွင်း အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

ဘီးလင်း၊ ဩဂုတ် ၁၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာ မစောတံတားအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီနေ့ သြဂုတ် ၁၇ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ မစောတံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး…

ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းအနီးမှာ ပြည်သူတွေထွက်ခွာသွားကြဖို့ သတိပေးပြီးနောက် တိုက်ပွဲဖြစ်ပွားနေ

မကွေး ဩဂုတ် ၁၇ မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းအနီးကနေ ပြည်သူတွေအနေနဲ့ ထွက်ခွာသွားကြဖို့ သတိပေးချက် ထုတ်ပြန်ပြီးနောက် အဲဒီအနီးတဝိုက်မှာ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်မှာ အဲဒီဒေသမှာ စစ်ကောင်စီတပ်သားတွေ စုဝေးနေတာကြောင့် အနီးမှာမနေကြဖို့ မင်းဘူးခရိုင် အမှတ်-၇တပ်ရင်းက ထုတ်ပြန်ပြီးနောက် ပွင့်ဖြူမှာတိုက်ပွဲ ဖြစ်ပွားနေတာပါ။…

NUG နဲ့ တိုင်းရင်းသားအင်အားစုတွေကို ပံ့ပိုးကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကို တိုက်တွန်း

မော်လမြိုင် ဩဂုတ် ၁၇ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားလူငယ်တွေနဲ့ အလုပ်သမား လယ်သမား ပြည်သူတွေရဲ့ တောင်းဆိုချက်အရ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မူဟတ် ယူနွတ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့တိုင်းရင်းသားအင်အားစုတွေကို ပံ့ပိုးကူညီပေးဖို့ မြန်မာ့တော်လှန်ရေးအင်အားစုနဲ့ အရပ်ဖက်အဖွဲ့အစည်း၂၅၅ ဖွဲ့က ဩဂုတ် ၁၆ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြပါတယ်။ အစိုးရအလုပ်အကိုင် ခန့်အပ်မှုနဲ့ပတ်သက်လို့ မကျေနပ်ရာမှ ဖြစ်ပေါ်လာခဲ့တဲ့…