August 16, 2024

စစ်အာဏာသိမ်း (၁၂၉၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၁၅) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၁၇ AAPP ရဲ့ သြဂုတ် ၁၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၉၃) ရက်အတွင်း ပြည်သူ (၅၅၁၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၁၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၅၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စက်သုံးဆီပြတ်လပ်မှုကြောင့် မွန်ပြည်နယ်မှာ ကုန်တင်ကားတွေအပါအဝင် ယာဉ်လိုင်းတချို့ ရပ်နားထားရ

မော်လမြိုင် ၊ ဩဂုတ် ၁၇ စက်သုံးဆီ ဆိုးဆိုးဝါးဝါး ပြတ်လပ်လာမှုကြောင့် မွန်ပြည်နယ်အတွင်းက ခရီးသည်တင်ယာဉ်လိုင်းတွေအပါအဝင် ကုန်တင်ကားတချို့ ပြေးဆွဲမှုယာယီရပ်နားထားရတယ်လို့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီတွေဟာ သြဂုတ်ပထမအပတ်ကစပြီး ဓာတ်ဆီနဲ့ဒီဇယ်ဆီတွေပါ ပြတ်လပ်လာပြီး သြဂုတ်ဒုတိယအပတ်အတွင်းမှာတော့ အဆိုးဝါးဆုံးပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။ စက်သုံးဆီပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူရခက်ခဲတာ၊ အချိန်ကြာမြင့်စွာ တန်စီးစောင့်ဆိုင်းဝယ်ယူနေရတာ၊ ဝယ်ယူရာမှာလည်း လိုသလောက် ဝယ်ယူမရတဲ့အတွက် ယာဉ်လိုင်းတွေ ပြေးဆွဲမှု…

စစ်ကောင်စီလက်ထက် တရားမဝင်ကုန်သွယ်မှု မြင့်မားလာ

မူဆယ် ၊ ဩဂုတ် ၁၇ အာဏာသိမ်းမှုအတွင်း စစ်ကောင်စီနဲ့ EAOs တွေ ထိန်းထားတဲ့ တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ရပ်တန့်လာနေပြီး တရားမဝင်ကုန်သွယ်မှု မြင့်မားလာနေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က ထုတ်ပြန်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းယူထားတဲ့ မူဆယ်နဲ့ ချင်းရွှေဟော်စခန်း၊ အာရက္ခတပ်တော် AA နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ကစစ်တွေနဲ့ မောင်တောစခန်း၊ ချင်းအမျိုးသားတပ်မတော်…

သံဖြူဇရပ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦးသေဆုံး နှစ်ဦးဒဏ်ရာရ

သံဖြူဇရပ်၊ ဩဂုတ် ၁၇ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာ ဘုရားကုန်းအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ညိုစစ်ကြောင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ တပ်အင်အား ၁၀၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့်…

တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် ခြောက်သောင်းကျော်အထိတိုးလာ

တနင်္သာရီ၊ ဩဂုတ် ၁၇ တနင်္သာရီတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဇူလိုင်လအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ခြောက်သောင်းကျော်အထိ တိုးလာတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဇူလိုင်လအတွင်း တနင်္သာရီတိုင်းက မြို့နယ်တွေမှာ ရေကြီးရေလျှံတာ၊ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ…

မြောက်ကိုရီးယား ခရီးသွားလုပ်ငန်းပြန်စမယ်

ပြုံးယမ်း၊ သြဂုတ် ၁၆ Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံနယ်စပ်ကို လုံးဝပိတ်ထားခဲ့ပြီးနောက် ငါးနှစ်နီးပါးအကြာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ကန့်သတ်ထားတဲ့ နိုင်ငံတကာ ခရီးသွားတွေအတွက် မြောက်ကိုရီးယားက တံခါးပြန်ဖွင့်မှာ ဖြစ်တယ်လို့ ပြုံးယမ်းနဲ့ အဆက်အသွယ်ရှိတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှစ်ခုက ကြေညာပါတယ်။ ခရီးသည်အုပ်စုတွေကို ကွယ်လွန်သွားပြီဖြစ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီရဲ့ မွေးရပ်လို့ယူဆရတဲ့ တောင်တန်းမြို့ ဆမ်ဂျီယမ်ကို လည်ပတ်ခွင့်ပေးသွားမှာဖြစ်ကြောင်း ဘေဂျင်းအခြေစိုက် Koryo…

သက်ဆင်ရဲ့သမီး ဖယ်ထောင်ထန် ရှင်နာဝပ်ထရာကို ၃၁ ယောက်မြောက် ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်

ဘန်ကောက် ဩဂုတ် ၁၆ ဖူထိုင်းပါတီရဲ့ ခေါင်းဆောင် ဖယ်ထောင်ထန် ရှင်နာဝပ်ထရာကို ထိုင်းနိုင်ငံရဲ့ ၃၁ ဦးမြောက် ဝန်ကြီးချုပ်သစ်အဖြစ် ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၄၅ မဲ၊ ကြားနေမဲ ၂၇ မဲနဲ့ အောက်လွှတ်တော်မှာ ဩဂုတ် ၁၆ ရက်က ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။ အဲဒီလွှတ်တော်က ဝန်ကြီးချုပ်သစ်ရွေးချယ်တဲ့အစီအစဉ်ကိုတော့ အသက် ၃၇ နှစ်အရွယ်…