အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“တကောင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းပြီး ပြည်သူတွေကို သတ်ဖြတ်ကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတယ်”လို့ စစ်တပ်လော်ဘီတွေ သတင်းအမှား ဖြန့်ချိနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဩဂုတ် ၁၂ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း တကောင်းမြို့ကို သိမ်းပိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေကို ဒေသခံအများအပြား သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုနေတဲ့ ရုပ်သံမှတ်တမ်းကိုလည်း Mizzimaသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဩဂုတ် ၁၂ရက်နေ့က မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်ဟာ မြေပြင်အင်အားတွေ အရမ်းနည်းပါးနေပြီး လေကြောင်းကနေပဲ အဓိကထား တိုက်ခိုက်ခဲ့တယ်လို့ DVBသတင်းဌာနမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သပိတ်ကျင်းပကဖက ဩဂုတ် ၁၃ ရက်မှာ သတင်ထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့နယ် ပကဖအဖွဲ့ ထုတ်ပြန်ချက်လင့်

Mizzimaသတင်းဌာနကဖော်ပြထားတဲ့လင့်

https://bur.mizzima.com/2024/08/13/29905?fbclid=IwY2xjawEqbLFleHRuA2FlbQIxMAABHcB0qjEF3Dk6qI_Ir_LXoBJoWZagDc0WFK0BJKNdwe03r0vMASHC2HEulQ_aem_Vgr9Ye6wE3iKMIEyJwLcVA

DVBသတင်းဌာနကဖော်ပြထားတဲ့လင့်

https://burmese.dvb.no/post/664640?fbclid=IwY2xjawEqbNhleHRuA2FlbQIxMAABHXXXeplpyLHKEYpF3Nw_DDSDtEnV3R8h2sYMGvhJCsNA-n7_r5C0NBHyQQ_aem_N7i85QW0KjWeU6D8mpoqKQ

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.