August 15, 2024

စစ်အာဏာသိမ်း (၁၂၉၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၁၂) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၁၆ AAPP ရဲ့ သြဂုတ် ၁၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၉၂) ရက်အတွင်း ပြည်သူ (၅၅၁၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၀၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဘဏ်အတိုးနှုန်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီကြေ ညာ

နေပြည်တော် ၊ ဩဂုတ် ၁၆ ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်း အထိုက်အလျောက်လျော့ကျစေဖို့အတွက် ဘဏ်အတိုးနှုန်း တိုးမြှင့်သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်နေ့ ရက် စွဲနဲ့ ကြေညာပါတယ်။ ဘဏ်အတိုးနှုန်း တိုးမြှင့်သတ်မှတ်မှုဟာ ပြည်သူတွေအနေနဲ့ ဘဏ်အပ်ငွေအပေါ်မှာ အတိုးဝင်ငွေ ပိုမိုရရှိစေဖို့နဲ့ ဘဏ်တွေရဲ့ ချေးငွေထုတ်ချေးနိုင်မှု ပိုမိုများလာပြီး စီးပွားရေးတိုးတက်မှု အထောက် အကူပြုစေဖို့…

သထုံ NLD အမတ်ဟောင်းတစ်ဦးရဲ့ ညီဖြစ်သူနေအိမ် ချိပ်ပိတ်ခံရ

သထုံ၊ ဩဂုတ် ၁၆ မွန်ပြည်နယ် သထုံမြို့ လိပ်အင်းရပ်ကွက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်သူရဲ့ ညီဖြစ်သူနေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ သြဂုတ် ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ဦးအောင်ကျော်သူရဲ့ ညီဖြစ်သူ ကိုချစ်နိုင်လင်းခေါ် ကိုသားငယ်ရဲ့ ရွှေကိုးသိန်းလက်ဖက်ရည်ဆိုင်နဲ့ ဆိုင်ဖွင့်ထားတဲ့ခြံကို…

KNU ကော့ကရိတ်မြို့နယ်ထဲ လက်နက်ကြီးကျလို့ ကလေးတစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ

ကော့ကရိတ်၊ သြဂုတ် ၁၆ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ထီးမူးထကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့က စစ်ကောင်စီတပ် စွယ်တော်ကုန်းတပ်စခန်းကနေ ၈၁ မမ လက်နက် ကြီးတစ်လုံး ကရင်အမျိုးသားအစည်းအရုံး KNU…

စလင်းမှာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေ

မကွေး၊ ဩဂုတ် ၁၅ မကွေးတိုင်း စလင်းမြို့နယ်မှာ နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ မင်းဘူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ်လ ပထမပတ်ကစပြီးတော့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲ ​ဖြစ်ပွားနေတာဖြစ်တယ်လို့ ဆိုပါတယ်။ “အဓိကကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးတဲ့နေရာ တွေကိုသူတို့ အင်အားအလုံးအရင်းနဲ့ ထိုးဖောက်ဖို့ ကြိုးစားတာပေါ့။ဘယ်လောက်ပဲ ကြိုးစားကြိုးစား…

တကောင်းမြို့ကို PDF တွေ ဝင်ရောက်ဖျက်ဆီးနေတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“တကောင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းပြီး ပြည်သူတွေကို သတ်ဖြတ်ကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတယ်”လို့ စစ်တပ်လော်ဘီတွေ သတင်းအမှား ဖြန့်ချိနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေက…

မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် WHO ကြေညာ

ဂျီနီဗာ၊ သြဂုတ် ၁၅ အာဖရိကဒေသတွေမှာ မျောက်ကျောက်ရောဂါ ပျံ့နှံ့နေမှုကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။ အရင်က မျောက်ကျောက်ရောဂါလို့ ခေါ်ပြီး mpox နာမည်ရှိ ကူးစက်မှုနှုန်း မြင့်မားတဲ့ရောဂါဟာ ကွန်ဂိုနိုင်ငံမှာ ကနဦး ပျံ့နှံ့မှုအတွင်း လူ ၄၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ အခုအချိန်မှာ…

တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို နျူကလီးယားနဲ့ တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်

ဆိုးလ်၊ သြဂုတ် ၁၅ အမေရိကန်နဲ့ သုံးနိုင်ငံ ဆက်ဆံရေး အားကောင်းအောင် လုပ်ဆောင်နေတာကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာရှိတဲ့ ပြည်သူတွေဟာ နျူကလီးယား တိုက်ခိုက်မှုရဲ့ သားကောင်တွေ ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက သတိပေးလိုက်ပါတယ်။ နိုင်ငံပိုင် KCNA သတင်းဌာနရဲ့ ကြေညာချက်မှာ အမေရိကန်ရဲ့ စစ်ရေး ခြိမ်းခြောက်မှုကြောင့် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားစစ်ပွဲ တားဆီးနိုင်ရေး အင်အားကောင်းလာအောင်…

သီပေါမြို့မှာ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ဦး သေဆုံး

သီပေါ၊ ဩဂုတ် ၁၅ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် သီပေါမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ငါးရက်အတွင်း အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့ကနေ ဩဂုတ် ၁၃ ရက်နေ့အထိ ငါးရက်အတွင်း သီပေါမြို့နယ်မှာ…

ရဲတပ်သားသုံးဦး ဖမ်းဆီးခဲ့တယ်လို့ ကျိုက်ထို KRF ထုတ်ပြန်

ကျိုက်ထို၊ ဩဂုတ် ၁၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းကျေးရွာ ကဒက်ချောင်းအပန်းဖြေစခန်း အရက်လာသောက်တဲ့ ရဲတပ်သားသုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF သြဂုတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီရဲတပ်သား သုံးဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က ကဒက်ချောင်းအပန်းဖြေစခန်းရှိ အရက်ဆိုင်တစ်ခုမှာ ကျိုက်ထို KRF တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခဲ့တဲ့…