August 7, 2024

စစ်အာဏာသိမ်း (၁၂၈၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၈ AAPP ရဲ့ သြဂုတ် ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၈၄) ရက်အတွင်း ပြည်သူ (၅၄၈၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၁၆၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရှုံးမဲ မဲလာ

လားရှိုး ၊ ဩဂုတ် ၈ အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ မြို့သိမ်းစခန်းသိမ်း ထိုးစစ်တွေကို ရှုံးပွဲဆက် တိုက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအားထား အသုံးပြုလာနေပါတယ်။ ရှမ်း-မန်း စစ်ဆင်ရေးအဖြစ် တစ်ကျော့ပြန်ခဲ့တဲ့ ၁၀၂၇ ဒုတိယလှိုင်းအတွင်း စစ်တပ်ဝင့်ကြွားလေ့ရှိတဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ရသလို မြို့နယ်တချို့ကိုလည်း လက် လွှတ်ခဲ့ရတာပါ။ ဒီအပေါ် စစ်ကောင်စီက ရှမ်းမြောက်မှာ…

စစ်အာဏာရှင်ချုပ်ငြိမ်းရေး တပ်မဟာအားလုံး တိုက်ခိုက်မယ်လို့ KNU တုံ့ပြန်

မော်လမြိုင်၊ သြဂုတ် ၈ ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် မိမိတို့ရဲ့ တပ်မ ဟာ အားလုံးအပါအဝင် တိုင်းရင်းသားလူမျိုးနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး စုပေါင်းပြီး တိုက်ခိုက်ချေမှုန်းသွားမယ်လို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်က ပြောပါတယ်။ KNU အနေနဲ့ တပ်မဟာ ၁၊ ၃၊ ၅ သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ကွက်အသစ် ဖော်ဆောင်နိုင်ဖို့…

ရေးမှာ နှစ်ဖက်စစ်ရေးတင်းမာနေလို့ ဒေသခံ‌ထောင်နဲ့ချီ တိမ်းရှောင်နေရ

ရေး၊ ဩဂုတ် ၈ မွန်ပြည်နယ် ရေးမြို့နယ် သံဖြူဇရပ်-ရေးလမ်းပိုင်းအနီးက ကျေးရွာတွေမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး တပ်အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အဲ့ဒီလမ်းပိုင်းက ကျေးရွာတွေဖြစ်တဲ့…

မြိုင်မြို့နယ်က ကိုင်းတောမရဲစခန်းကို စစ်ကောင်စီတပ်သားတွေ စွန့်ခွာ ထွက်ပြေး

မကွေး၊ ဩဂုတ် ၇ မကွေးတိုင်း မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့ စစ်သားတွေ စခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် People Democratic Army (PDO/PDA) ထံက သိရပါတယ်။ သြဂုတ် ၃ ရက်နေ့က ကိုင်းတောမစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဩဂုတ် ၇ ရက်နေ့မှာ အဲဒီစစ်ကောင်စီတပ်သားတွေက စခန်းစွန့်ခွာထွက်ပြေးသွားတာပါ။ “ရန်သူက…

အီရန်နဲ့ အစ္စရေးကို အမေရိကန် သတိပေး

အန်နာပိုလစ်၊ သြဂုတ် ၇ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှု ပိုမိုကျယ်ပြန့်လာနေချိန်မှာပဲ အမေရိကန်က မဟာမိတ်အစ္စရေးကို တိုက်ရိုက်အကျဆုံး သတိပေးမှုအဖြစ် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အီရန်နဲ့ အစ္စရေး နှစ်နိုင်ငံစလုံးအနေနဲ့ ပဋိပက္ခ အရှိန်မြင့်တက်လာနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားသင့်တယ်လို့ သြဂုတ် ၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။ “ဒီပဋိပက္ခကို အရှိန်မြင့်တက်လာအောင် တစ်ယောက်မှ မလုပ်သင့်ပါဘူး။ မဟာမိတ်တွေ လက်တွဲဖော်တွေနဲ့…

ဘင်္ဂလားဒေ့ချ် ယာယီအစိုးရအဖွဲ့ကို နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဦးဆောင်မယ်

ဒါကာ၊ သြဂုတ် ၇ ရာထူးက နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ ကာလကြာရှည် နိုင်ငံရေးရန်ဖက်ဖြစ်တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနာ့စ်ကို ဘင်္ဂလားဒေ့ချ်နိုင်ငံရဲ့ ယာယီ ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဆိုးဆိုးရွားရွား မငြိမ်သက်မှုတွေ သီတင်းပတ်များစွာကြာ ဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် ဟာဆီနာ နိုင်ငံတွင်းက ထွက်ပြေးသွားပြီး တစ်ရက်အကြာမှာ အသက် ၈၄ နှစ်အရွယ်…

ထိုင်းအတိုက်အခံ Move Forward ပါတီ ဖျက်သိမ်းခံရ

ဘန်ကောက်၊ သြဂုတ် ၇ လူကြိုက်များတဲ့ အတိုက်အခံ Move Forward ပါတီကို ဖျက်သိမ်းရေး ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက သြဂုတ် ၇ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။ ဘုရင့်နန်းတော်ကို မဝေဖန်ရဘူးလို့ တားမြစ်ထားတဲ့ နန်းတော်စော်ကားမှုဆိုင်ရာဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တရားရုံးက ပါတီဖျက်သိမ်းဖို့ အမိန့်ချမှတ်တာ ဖြစ်ပါတယ်။ Move Forward ပါတီရဲ့ ဥပဒေပြင်ဆင်ရေး…

စဉ့်ကူးမြို့ကို ဗုံးကြဲတိုက်ခိုက်တာ မရှိဘူးလို့ စစ်တပ်လိမ် လည်သတင်းမှားဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ မရှိဘူး”လို့ ဝါဒဖြန့်သတင်းစာတွေနဲ့ တပ်လော်ဘီချန်နယ်တွေက ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာ၊မြန်မာ့အလင်းသတင်းစာနဲ့ စစ်တပ်လော်ဘီတွေက…

စစ်ကောင်စီရဲ့ ဗုံးကြဲမှု တားဆီးပေးဖို့ ညီနောင်သုံးဖွဲ့ တရုတ်ကို တောင်းဆို

လောက်ကိုင်၊ ဩဂုတ် ၇ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တားဆီးပေးဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့က တရုတ်နိုင်ငံထံ ဩဂုတ် ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိတဲ့ မြို့ ရွာတွေရှိ ဈေး၊ စာသင်ကျောင်းနဲ့ ဆေးရုံစတဲ့ အရပ်သားလူထု အဆောက်အအုံတွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲပြီး တိုင်းရင်းသားပြည်သူတွေကို သတ်ဖြတ်နေတဲ့…