July 2024

စစ်အာဏာသိမ်း (၁၂၇၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၅၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၂၆ AAPP ရဲ့ ဇူလိုင် ၂၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၇၁) ရက်အတွင်း ပြည်သူ (၅၄၅၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၁၀၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၁၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မြောက်ပိုင်းမှာစစ်ရှုံးနေတဲ့ စစ်ကောင်စီက တောင်ပိုင်းမှာ ခပ်စိပ်စိပ်စစ်ကြောင်းထိုးလာ

မော်လမြိုင် ၊ ဇူလိုင် ၂၆ နိုင်ငံမြောက်ပိုင်းမှာ တစ်မြို့ပြီးတစ်မြို့ အသိမ်းခံနေရတဲ့ စစ်ကောင်စီက နိုင်ငံ့တောင်ပိုင်း မွန်ပြည် နယ်ရှိ ကျိုက်ထိုနဲ့ ရေးမြို့နယ်တို့မှာ စစ်ကြောင်းထိုးတာတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။ အဲဒီအတွက်ကြောင့် ဒေသတွင်းလှုပ်ရှားနေတဲ့ KNU လက်အောက်ရှိ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တပ်တွေအပါအဝင် လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားနေတာပါ။…

ကရင်ပြည်နယ် ရေကြီးရေလျှံမှုကြောင့် ဆက်သွယ်ရေးလမ်းပိုင်းတချို့ ပြတ်တောက်

ဘားအံ၊ ဇူလိုင် ၂၆ ကရင်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘားအံလှိုင်းဘွဲ့မြို့အပါအဝင် မြို့ ၅ မြို့ထက်မနည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေခဲ့ပြီး တံတားတချို့ ပျက်စီးသွားခဲ့သလို နယ်စပ်ကုန်သွယ် ရေးလမ်းပိုင်းတချို့ သွားလာမှုပြတ်တောက်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ မြဝတီ-ဘားအံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ထို့ကော်ကိုးတောင်ပေါ်လမ်းမှာ မိုး သည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေတွေ စီးဆင်းလာနေတဲ့အတွက် တောင်ပေါ်လမ်းနေရာအ ချို့မှာ ဇူလိုင်…

အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီ လက်နက်တပ်ဆင်

ရေး၊ ဇူလိုင် ၂၆ မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်စုရဲ့ အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီဘက်က လက်နက်တပ်ဆင်ပေးလိုက်တယ်လို့ စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြပါတယ်။ အာယုတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလင်းဦး ဦးဆောင်တဲ့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို ဇူလိုင် ၂၄ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ရေးတပ်နယ်မှာ လက်နက်တပ်ဆင်ပေးခဲ့တာပါ။ အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့ဟာ ရေးဒေသဖြစ်တဲ့ အာယုတောင်၊ နှင်းစုံ၊ ချောင်းတောင်တံတားတဝိုက် လှုပ်ရှားတာဖြစ်သလို စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး…

စလင်းမှာ စစ်ကောင်စီရဲ့ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ ၂၁ ဦးအထိ ရှိလာ

မကွေး၊ ဇူလိုင် ၂၅ မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီက သုံးရက်ဆက်တိုက်လေကြောင်းကနေ တိုက်ခိုက်လို့ ထိခိုက်သေဆုံးသူဦးရေ ၂၀ ကျော်အထိရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃၊ ၂၄၊ ၂၅ ရက်တွေမှာ သုံးရက်ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးရသူဟာ အခုလိုမျိုး ပမာဏများပြားလာရတာလည်းဖြစ်ပါတယ်။ “ဒီနေ့လည်း လေကြောင်းကနေလာပစ်တယ်။ အရပ်သားတွေ ရှိတဲ့နေရာမျိုးကိုပဲ ရွေးပစ်တာပါ။…

နီပေါလ်လေယာဉ် ပျက်ကျမှု ၁၈ ဦး သေဆုံးပြီး လေယာဉ်မှူး တစ်ဦးတည်း အသက်ရှင်

ခတ္တမန္ဒူ၊ ဇူလိုင် ၂၅ လေယာဉ် ခေါင်းခန်းနဲ့ ကုန်တင်ထားတဲ့ ကိုယ်ထည်ပိုင်း ကွဲသွားခဲ့ပြီး စက္ကန့်ပိုင်းအကြာမှာ လေယာဉ် တစ်စီးလုံး မီးလောင် ပျက်စီးသွားခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က နီပေါလ် လေယာဉ်ပျက်ကျမှုအတွင်း ယာဉ်ပေါ် လိုက်ပါလာသူ အားလုံးနီးပါး သေဆုံးခဲ့ပြီး လေယာဉ်မှူး တစ်ဦးတည်းသာအသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ နီပေါနိုင်ငံ၊ ခတ္တမန္ဒူ လေဆိပ်မှာ လူ ၁၈ ဦး…

မြန်မာစစ်တပ် လက်နက်ဝယ်ယူမှု ထိုင်းဗဟိုဘဏ် စုံစမ်းစစ်ဆေးမယ်

ဘန်ကောက်၊ ဇူလိုင် ၂၅ မြန်မာစစ်တပ်ရဲ့ လက်နက် ဝယ်ယူမှုတွေနဲ့ ဆက်စပ်တဲ့ ငွေလွှဲပြောင်းပေးမှုတွေကို ထိုင်းစီးပွားရေးဘဏ်တွေက ကူညီပေးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေအတွက် ဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတို့က စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ဇူလိုင် ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက မြန်မာစစ်ဗိုလ်ချုပ်တွေ၊ သူတို့ရဲ့ ဆက်စပ်နေတဲ့…

ကျွန်းစုတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ထက်မနည်းသေဆုံး

ကျွန်းစု၊ ဇူလိုင် ၂၅ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကစပြီး ၂၄ ရက်နေ့အထိ ကျွန်းစုမြို့နယ်ထဲက ကျောက်ပုစွန်တောင်၊ ဝါရစ်နဲ့…

မိုးကုတ်မြို့ သိမ်းပိုက်စဉ် သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေ TNLA ထုတ်ပြန်

မိုးကုတ်၊ ဇူလိုင် ၂၅ မန္တလေးတိုင်း မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင် ၂၅ ရက်နေ့မှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ သတင်းထုတ်ပြန် ပါတယ်။ မိုးကုတ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၇၈၊ ၈၈၊ ၁၄၈ အပါအဝင် ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးတို့ကို TNLA က ဇူလိုင်…

လားရှိုးအခြေစိုက် ရမခစစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီလို့ MNDAA ကြေညာ၊ ရမခမကျသေးဘူးလို့ စစ်ကောင်စီငြင်းဆို

လားရှိုး၊ ဇူလိုင် ၂၅ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အ ရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို ဇူလိုင် ၂၅ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ကြေညာပါတယ်။ ရမခစစ်ဌာနချုပ် သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် လားရှိုးမြို့ လုံးဝလွတ်မြောက်ကြောင်း MNDAA တပ်ရဲ့ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာလိုက်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ…