July 2024

စစ်မှုထမ်းအပတ်စဉ်တွေအတွက် လျာထားချက်ပြည့်မီအောင် ကြိုးပမ်းကြဖို့ စစ်ကောင်စီဖိအားပေး

နေပြည်တော် ၊ ဇူလိုင် ၁၄ အရင်ဖွင့်လှစ်ပြီးခဲ့တဲ့ သင်တန်းတွေရဲ့ အားသာချက်၊အားနည်းချက်တွေကို သုံးသပ်ပြီး နောင်ဖွင့်လှစ်မယ့် စစ်မှုထမ်းသင်တန်းတွေအတွက် လျာထားချက်တွေအတိုင်း ပြည့်မီအောင် အလေးထားကြိုးပမ်းကြဖို့ စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီးက ဖိအားပေးလိုက်ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောဆိုခဲ့တာပါ။ ကာကွယ်ရေးဝန်ကြီးက ထပ်မံဖွင့်လှစ်မယ့်…

မော်လမြိုင်မှာ စစ်ကောင်စီအားကိုးနဲ့ ပြည်သူ့စစ်တွေက မြို့ခံတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျနေ

မော်လမြိုင် ၊ ဇူလိုင် ၁၄ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီ လက်သပ်မွေးထားတဲ့ သြဇာခံပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ မြို့ခံတွေအပေါ် အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံတာနဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ သြဇာခံပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ မြို့အတွင်း လုံခြုံရေး အကြောင်းပြပြီး လှည့်လည်တာ၊ လူစည်ကားရာ နေရာတွေမှာ ပိတ်ဆို့ရှာဖွေစစ်ဆေးတာ၊ ဧည့်စာရင်းစစ်ဆေးပြီး ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာပါ။ ဒါ့အပြင်…

လောင်းလုံးမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

လောင်းလုံး၊ ဇူလိုင် ၁၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး မင်းရပ်ကျေးရွာဘက်ကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့အတွက် လမ်းတလျှောက်က ကျေးရွာနေ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ စစ်ကြောင်းဝင်ရောက်လာတာကြောင့် မင်းရပ်၊ သဲပုံ၊ သာယာကုန်း၊ သဗျာ၊…

KNU နယ်မြေမှာ ခြောက်လအတွင်း စစ်ကောင်စီကြောင့် အရပ်သား ၁၃၀ ကျော်သေဆုံး

မော်လမြိုင်၊ ဇူလိုင် ၁၄ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အခုနှစ် နှစ်ဝက်အတွင်း အရပ်သားပြည်သူ ၁၃၀ ကျော် သေဆုံးခဲ့ရပြီး ၁၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာ၊ သေနတ်နဲ့ အ…

မွန်ပြည်နယ်မှာ ခြောက်လအတွင်း သတ်ဖြတ်ခံရသူ ၇၀ ကျော်ရှိ

မော်လမြိုင် ၊ ဇူလိုင် ၁၃ မွန်ပြည်နယ်မှာ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ခြောက်လအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် သတ်ဖြတ်ခံရသူ ၇၀ ကျော် ရှိတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ဇူလိုင် ၁၂ ရက်‌နေ့မှာ ထုတ်ပြန်တဲ့ လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းမှုအစောပိုင်းကာလနဲ့ နှိုင်းယှဉ်ရင် အခုနှစ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေက သိသိသာသာ…

CDM ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ စစ်ကောင်စီဖိတ်ခေါ်ပြန်

မော်လမြိုင်၊ ဇူလိုင် ၁၃ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီးနောက် အမည်မည်းစာရင်း Black List သွင်းခံထားရတဲ့ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်ပြန်ဝင်နိုင်တယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ အမည်မည်းစာရင်းပါဝင်တဲ့ CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်စွန့်ခွာရတဲ့ အကြောင်းခြင်းအရာတွေအပေါ် မူတည်ပြီး ပယ်ဖျက်ဖြေလျှော့ပေးသွားမယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လိုတဲ့ CDM…

တောင်ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်တဲ့ ဆယ်ကျော်သက်အယောက် ၃၀ ကို မြောက်ကိုရီးယား ကွပ်မျက်

ဆိုးလ်၊ ဇူလိုင် ၁၃ တောင်ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်တဲ့ အလယ်တန်းကျောင်းသားအရွယ် ဆယ်ကျော်သက် ၃၀ ဦးကို မြောက်ကိုရီးယားက ကွပ်မျက်လိုက်ကြောင်း တောင်ကိုရီးယား သတင်းဌာနတွေက ဖော်ပြပါတယ်။ Chosun TV နဲ့ Korea JoongAng Daily တို့ရဲ့ သတင်းမှာ မြောက်ကိုရီးယားက အဲဒီဆယ်ကျော်သက်လူငယ် ၃၀ ကို အများပြည်သူရှေ့မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့…

ထိုင်းဘဏ်တွေကတဆင့် မြန်မာစစ်တပ် လက်နက်ဝယ်ယူနေမှုကို တားဆီးမယ်

ဘန်ကောက်၊ ဇူလိုင် ၁၃ မြန်မာစစ်တပ် လက်နက် ဝယ်ယူနိုင်ရေး အစိုးရအေဂျင်စီတွေနဲ့ အတူ ကူညီပေးခဲ့တယ်ဆိုတဲ့ ထိုင်းစီးပွားရေးဘဏ်တွေက အဲဒီလို ငွေလွှဲပြောင်းမှု မရှိစေရေး တားဆီးဖို့ ကတိပြုလိုက်ပါတယ်။ ဒီအတောအတွင်း ကြိုတင် တားဆီးကာကွယ်ရေး အစီအစဉ်တွေ မရှိတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ မြန်မာစစ်တပ်အနေနဲ့ လက်နက်တွေ ဝယ်ယူရမှာ ငွေလွှဲပြောင်းနိုင်ရေး ထိုင်းဘဏ်တွေက ကူညီပေးနေကြောင်း မြန်မာနိုင်ငံ…

စစ်အာဏာသိမ်း (၁၂၅၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၉၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၃ AAPP ရဲ့ ဇူလိုင် ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၅၈) ရက်အတွင်း ပြည်သူ (၅၃၉၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဘဏ်ငွေထုတ်ယူမှု အခက်အခဲကြောင့် မွန်ပြည်နယ်မှာ ရော်ဘာအရောင်းအဝယ်ရပ်တန့်

မော်လမြိုင် ၊ ဇူလိုင် ၁၃ မွန်ပြည်နယ်အတွင်း ဘဏ်တွေမှာ ငွေသားထုတ်ပေးမှု ကန့်သတ်ချက်တွေနဲ့အတူ ငွေထုတ်ယူမှု အခက်အခဲတွေကြောင့် ရော်ဘာအရောင်းအဝယ် ရပ်တန့်သွားပြီလို့ ရော်ဘာရောင်းဝယ်ရေး လုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းက ပုဂ္ဂလိကဘဏ် ၇ ခုကို စစ်ကောင်စီဘက်က အရေးယူပြီးနောက် ဘဏ်တွေမှာ ငွေထုတ်ယူသူတွေ များပြားလာပြီး ဘဏ်တွေကနေ ငွေသားထုတ်ပေးမှု ကန့်သတ်လာတာကြောင့် ရော်ဘာရောင်းဝယ်ရေး…