June 2024

စစ်အာဏာသိမ်း (၁၂၃၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၀၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၂၁ AAPP ရဲ့ ဇွန် ၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၃၇) ရက်အတွင်း ပြည်သူ (၅၃၀၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၉၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ်အတွင်း ဝင်ရောက်လာမယ့် ထိုင်းကုန်ပစ္စည်းတွေကို စစ်ကောင်စီ လိုက်လံဖမ်းဆီးနေ

မော်လမြိုင် ၊ ဇွန် ၂၂ ထိုင်း-မြန်မာနယ်စပ်ကနေတဆင့် မွန်ပြည်နယ်အတွင်း ဝင်ရောက်လာမယ့် ထိုင်းကုန်ပစ္စည်းတွေကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက လမ်းတွေမှာ စောင့်ဆိုင်းပြီး ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ကုန် သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ပြည်နယ်အတွင်း ဝင်ရောက်လာမယ့် ထိုင်းကုန်ပစ္စည်းတွေကို ဒုစစ်ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ညွှန်ကြားချက်ကြောင့် ဖမ်းဆီးနေတာဖြစ်တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ…

စစ်ကောင်စီနဲ့ ပါတီအစုအဖွဲ့တို့ ဆွေနွေးမှု ဒီမိုကရေစီကိုဦး တည်တဲ့ ပုဒ်မတွေပြင်ဆင်ဖို့ သဘောတူ

နေပြည်တော် ၊ ဇွန် ၂၂ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ဆွေးနွေးမှုမှာ ဒီမိုကရေစီကို ဦးတည်တဲ့ ပုဒ်မတွေပြင်ဆင်ဖို့ သဘောတူနိုင်ခဲ့တယ်လို့ ပါတီအစုအဖွဲ့ဘက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့အချက်တွေအပါအဝင် အပစ်ရပ်ထိုး EAO တွေနဲ့ ဆွေးနွေးညှိနှိုင်းရရှိထားတဲ့ ဘုံသဘောတူညီချက်တွေကို ဆွေးနွေးဖို့…

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၃ အတွက် လူသစ်စု ဆောင်းခံရသူ ၁၆၅ ဦး ရှိ

မော်လမြိုင်၊ ဇွန် ၂၂ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၃ အတွက် လူသစ်စုဆောင်းခံရသူ ၁၆၅ ဦးရှိပြီး စစ်သားစုဆောင်းခံရသူ ၈၀၀ နီးပါးအထိ ရှိလာခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်မှုထမ်းအပတ်စဉ် ၃ အတွက် လူသစ်စုဆောင်းခံထားရတဲ့သူတွေကို ဇွန် ၂၁ ရက်နေ့က စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး…

ကျိုက်ထိုတိုက်ပွဲမှာ KNLA ပူးပေါင်းအဖွဲ့က ရဲဘော်နှစ်ဦးကျဆုံး

ကျိုက်ထို၊ ဇွန် ၂၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း KNLA ပူးပေါင်းအဖွဲ့က ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန် ၂၀ ရက်နေ့ နေ့လည် ၁၂…

ပင်လောင်းမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆရာ တော်တစ်ပါး ပျံလွန်တော်မူ

ပင်လောင်း၊ ဇွန် ၂၁ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီနဲ့ လက် အောက်ခံ PNO ပြည်သူ့စစ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့မှာ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO…

ရုရှားနဲ့ မြောက်ကိုရီးယား တိုက်ခိုက်ခံရရင် အချင်းအချင်း ကူညီဖို့ သဘောတူ

ပြုံးယမ်း၊ ဇွန် ၂၁ ရုရှားနဲ့မြောက်ကိုရီးယား တိုက်ခိုက်ခံရရင် အချင်းချင်း ကူညီမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားပြီး နှစ်နိုင်ငံဆက်ဆံရေးကို နောက်တစ်ဆင့် တိုးမြှင့်လိုက်ပါတယ်။ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လာရောက်တဲ့ သမ္မတပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဉ်မှာ မြောက်ကိုရီးယားနိုင်ငံသား ထောင်ပေါင်းများစွာက နှစ်နိုင်ငံအလံတွေ ကိုင်ဆောင်ပြီး ပူတင်ကို ကြိုဆိုပါတယ်လို့ အော်ဟစ်ခဲ့ကြပါတယ်။ အဲဒီနောက် နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ၁၉၆၁၊…

ဟာ့ချ်ဘုရားဖူး ခရီးစဉ်မှာ အပူချိန်လွန်ကဲမှုကြောင့် သေဆုံးသူ ၁၀၀၀ ကျော် ရှိလာ

ရီးယာ့ဒ်၊ ဇွန် ၂၁ အခုနှစ် ဆော်ဒီအာရေးဗီးယားနိုင်ငံက ဟာ့ချ်ဘုရားဖူး ခရီးစဉ်မှာ အပူချိန်လွန်ကဲမှုကြောင့် သေဆုံးသူ ၁၀၀၀ ကျော် ရှိလာပြီး သူတို့ထဲက ထက်ဝက်လောက်ဟာ မှတ်ပုံတင်မထားတဲ့ ဘုရားဖူးတွေ ဖြစ်ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။ ဇွန် ၂၀ ရက်က သေဆုံးသူတွေထဲမှာ အီဂျစ်နိုင်ငံသား ၅၈ ဦး ပါဝင်ပြီး အခုအချိန်အထိ သေဆုံးသူ…

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူတာ PDF လက်ချက်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူတာကို PDF တွေ မိုင်းထောင် တိုက်ခိုက်လို့ဆိုပြီး စစ်ကောင်စီဘက်က ဝါဒဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို…

အညာဒေသလူထုတိုက်ပွဲ ဘယ်အထိ ခရီးပေါက်နေပြီလဲ

“ကျွန်တော်တို့ အညာဒေသရဲ့ တော်လှန်ရေးဟာ ကောက်ရိုးမီးမဟုတ်ဘူး။ ရှားမီးဖြစ်တယ်။ တမြေ့မြေ့နဲ့ ကျွမ်းလောင်နေပြီး အခုအချိန်အထိ မငြှိမ်းသတ်နိုင်သေးဘူး။ တော်လှန်စိတ်ဓာတ်တွေ ပြင်းထန်စွာရှိပါတယ်” – ကိုချစ်ဝင်းမောင် (မကွေးလူထုတိုက်ပွဲကော်မတီဝင်) စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်ကို ဒီနေ့အထိ လူအင်အားနဲ့ရော ရှိတဲ့လက်နက်အင်အားနဲ့ပါ တော်လှန်တိုက်ခိုက်နေကြတဲ့အထဲမှာ မကွေးနဲ့ စစ်ကိုင်းစတဲ့ အညာဒေသဝန်းကျင်က ပြည်သူတွေလည်း အပါအဝင်ဖြစ်ပါတယ်။ စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်လာတဲ့ အခုလိုအချိန်မှာ အဲဒီအညာဒေသက…