June 2024

ဘုတ်ပြင်းမှာ မြေမြှုပ်မိုင်းကြောင့် ခြံလုပ်သားတစ်ဦးဒဏ်ရာရ

ဘုတ်ပြင်း၊ ဇွန် ၁၂ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စု တောင်ငယ်ကျေးရွာမှာ ဇွန် ၁၁ ရက်နေ့ မနက် ၉ နာရီ အချိန်ခန့်က ခြံရှင်းနေတဲ့ လုပ်သားတစ်ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အသက် ၄၆ နှစ်အရွယ် ဦးကျော်သက်နိုင်ဟာ တောင်ငယ်ကျေးရွာအဝင်အဝလမ်းဘေးရှိ ဦးဇော်မင်းသန်းပိုင်ဆိုင်တဲ့ ရော်ဘာခြံမှာ ခြံရှင်းနေစဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။…

စစ်အာဏာသိမ်း (၁၂၂၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၆၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၁၂ AAPP ရဲ့ ဇွန် ၁၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၂၇) ရက်အတွင်း ပြည်သူ (၅၂၆၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၅၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၆၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မြန်မာ့လက်ဝှေ့သမား ဒေ့ဗ်ကို နိုင်ငံတွင်းမှာ ယှဉ်ပြိုင်ထိုးသတ်ခွင့် ကမ္ဘောဒီးယားခွင့်မပြုဟုဆို

ဖနွမ်းပင် ဇွန် ၁၁ အသစ်ခန့်အပ်ခံထားရတဲ့ ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ကော့ချဟေးက သူရာထူးမှာရှိနေသမျှကာလပတ်လုံး နာမည်ကျော် မြန်မာ့လက်ဝှေ့သမား ဒေ့ဗ် လဒုကို နိုင်ငံတွင်းမှာ ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့ကမှ ခမာလက်ဝှေ့အဖွဲ့ချုပ် အမှုဆောင်ကော်မတီကနေဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ချဟေးက မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေ့ဗ်ရဲ့ ဆိုရှယ်မီဒီယာပေါ်က ပို့စ်တစ်ခုကို တုံ့ပြန်တဲ့အနေနဲ့…

ထားဝယ်မူလတန်းကျောင်း ပေါက်ကွဲမှု PDF တွေ မိုင်းထောင်ဖောက်ခွဲတာလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့”တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းဝန်းအတွင်း PDF တွေ မိုင်းထောင်ဖောက်ခွဲတာကြောင့် ကလေးတစ်ဦးသေဆုံးပြီး ၂၅ဦးဒဏ်ရာရရှိကြောင်း” ဆိုပြီး စစ်တပ်လော်ဘီ အကောင့်တွေက ဖြန့်ချိနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။…

အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ပါတီဝင် အများစုပါဝင်တဲ့ ဝန်ကြီးများအဖွဲ့ကို မိတ်ဆက်

နယူးဒေလီ၊ ဇွန် ၁၁ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးပါတီက လွှတ်တော်တွင်း အမတ်အများစုနေရာ မရဖြစ်ခဲ့ပြီးနောက် ဇွန် ၁၀ ရက်နေ့မှာပဲ သူ့ရဲ့ ညွှန့်ပေါင်း အစိုးရအဖွဲ့ကို မိတ်ဆက်လိုက်ပါတယ်။ သူ့အစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင် ၇၁ ဦးဟာ ဇွန် ၉ ရက်မှာ မိုဒီက ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် တဆက်တစပ်တည်း…

မွန်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်း အောင်ချက် ၅၉ ရာခိုင်နှုန်းကျော်ရှိ

မော်လမြိုင်၊ ဇွန် ၁၁ မွန်ပြည်နယ်မှာ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ်ရဲ့ ၁၂ တန်းပညာရေး တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ၅၉ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံး အချက်အလက်တွေအရ သိရပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ ၁၂ တန်းပညာရေး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်ပြည်နယ်လုံးအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုသူ ၅၇၆၇ ဦး ရှိခဲ့ပြီး…

တစ်လအတွင်း စစ်ကောင်စီ ဗိုလ်မှူးသုံးဦးအပါအဝင် ရဲနဲ့တပ်သား ၄၅ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

မော်လမြိုင်၊ ဇွန် ၁၁ နိုင်ငံတဝန်းမှာ ခုခံတော်လှန်ထိုးစစ်ဆင်တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ပြီးခဲ့တဲ့ မေလတစ်လအတွင်း ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးသုံးဦးအပါအဝင် ရဲနဲ့တပ်သား ၄၅ ဦး ရှိခဲ့တယ်လို့ NUG က ဇွန် ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ရင်ခွင်အကောင်အထည် ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့…

ပဲခူးနဲ့မွန်က စစ်ကောင်စီစစ်ဆေးရေးဂိတ်နှစ်ခု တိုက်ခိုက်ခံရ

မော်လမြိုင်၊ ဇွန် ၁၁ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းက စစ်ကောင်စီရဲ့ သပြေကန်စစ်ဆေးရေးဂိတ်နဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။ ဇွန် ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ပဲခူးတိုင်း ဝေါမြို့နယ် သပြေကန်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့ပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်စစ်ဆေးရေးဂိတ်ကို…

အစ္စရေး-ဂါဇာ အပစ်ခတ်ရပ်စဲရေး အစီအစဉ်ကို လုံခြုံရေးကောင်စီ မဲခွဲအတည်ပြု

နယူးယောက်၊ ဇွန် ၁၁ အမေရိကန် အဆိုပြုထားတဲ့ အစ္စရေး-ဂါဇာ အပစ်ခတ်ရပ်စဲရေး အစီအစဉ်ကို ထောက်ခံကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ အဆိုပြုချက်တွေမှာ လုံးဝအပြည့်အဝ အပစ်ခတ် ရပ်စဲရေး၊ ဟားမာ့စ်အဖွဲ့ ဝင်တွေ ဖမ်းထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး၊ သေဆုံးသွားတဲ့ ဓားစာခံတွေရဲ့ ကြွင်းကျန်ရစ်တဲ့ အစိတ်အပိုင်းတွေ ပြန်လည်ပေးအပ်ရေးနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ အလဲအလှယ်ပြုလုပ်ရေးတို့အတွက်…

စစ်အာဏာသိမ်း (၁၂၂၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၄၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၁၁ AAPP ရဲ့ ဇွန် ၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၂၆) ရက်အတွင်း ပြည်သူ (၅၂၄၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၄၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၅၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…