June 29, 2024

သင်တန်းဆင်းတွေကို ရှေ့တန်းချက်ချင်းပို့နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေသုံးသပ်

နေပြည်တော် ၊ ဇွန် ၃၀ နိုင်ငံအနှံ့ ရင်ဆိုင်နေရတဲ့ ထိုးစစ်တွေကြောင့် အင်အားလိုအပ်ချက်အရ အသက်သွင်းခဲ့တဲ့ စစ်မှု ထမ်းဥပဒေ အပတ်စဉ် ၁ သင်တန်းဆင်းတွေကို တိုင်းစစ်ဌာနချုပ်အလိုက် အရန်အင်အားအဖြစ် ထားရှိပြီး စစ်ရှေ့တန်း ချက်ချင်းပို့ဆောင်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဧပြီ ၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် ၁ သင် တန်းဟာ…

ရွှေကျင်မှာ စစ်တပ်ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သား ခုနှစ်ဦးသေဆုံး

ရွှေကျင်၊ ဇွန် ၃၀ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ် ကောက်မဲ့သူကျေးရွာထဲ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုကြောင့် အရပ်သားခုနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇွန် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ကနေ ကောက်မဲ့သူကျေးရွာထဲကို ဒရုန်းနဲ့…

အိန္ဒိယအဝယ်နည်းလို့ မွန်ပြည်နယ်မှာ ပဲဈေးနှုန်းကျဆင်းလာ

မော်လမြိုင် ၊ ဇွန် ၃၀ မွန်ပြည်နယ်ဒေသထွက် ပဲမျိုးစုံတွေဟာ အခုဇွန်လအတွင်း အိန္ဒိယနိုင်ငံက မှာယူတင်သွင်းမှု နည်း ပါးလာတဲ့အတွက် ပဲဈေးနှုန်းကျဆင်းလာတယ်လို့ ပဲကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပဲဈေးနှုန်းဟာ ဇွန်တတိယအပတ်အတွင်းက ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ တစ်တင်းကိုကျပ် ၈၂,၀၀၀ ဝန်းကျင်ရှိရာမှ ဇွန်လနောက်ဆုံးအပတ်မှာတော့ ကျပ် ၇၈,၀၀၀ ထိ ကျဆင်းလာသလို ပဲတီစိမ်းကလည်း ကျပ်…

တနင်္သာရီက ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို စစ်ကောင်စီလက်လွှတ်

တနင်္သာရီ၊ ဇွန် ၃၀ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့က ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားတယ်လို့ တောင်ပိုင်းညီနောင်များတပ်ပေါင်းစု စစ်ကြောင်းထံကနေ သိရပါတယ်။ တပ်အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ ပွိုင့် ၃၀၀၀ နယ်စပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ စခန်းစွန့်ခွာထွက်ပြေးသွားတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ…

စစ်ကောင်စီ လက်နက်ဝယ်ယူလို့ရအောင် ကူညီပေးတာ မရှိဘူးလို့ ထိုင်းဘဏ်တွေ ငြင်းဆို

ဘန်ကောက်၊ ဇွန် ၂၉ မြန်မာစစ်ကောင်စီအတွက် လက်နက်ဝယ်ယူနိုင်ရေး ငွေလွှဲပြောင်းပို့ဆောင်မှုတွေ လုပ်လို့ရအောင် ကူညီပေးခဲ့တာ မရှိဘူးလို့ ထိုင်းဘဏ်လုပ်ငန်းများအဖွဲ့ TBA က ဇွန် ၂၈ ရက်မှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ထိုင်းဘဏ်တွေအနေနဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ရာမှာ အသုံးပြုမယ့် လက်နက်တွေ ဝယ်ယူတဲ့နေရာမှာ သူတို့ရဲ့ ဝန်ဆောင်မှုတွေ အသုံးချမခံရရေး ကြိုတင်ကာကွယ်ဖို့ အရေးကြီးကြောင်းလည်း ကြေညာချက်မှာ…

စကားစစ်ထိုးပွဲ စွမ်းဆောင်ရည် မကောင်းပေမယ့် ထရန့်ကို အနိုင်ယူမယ်လို့ ဘိုင်ဒန် ကြွေးကြော်

ဝါရှင်တန်၊ ဇွန် ၂၉ နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို အနိုင်ယူဖို့ ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ဇွန် ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ သမ္မတဘိုင်ဒန်က ထရန့်နဲ့ စကားစစ်ထိုးပွဲ ပြုလုပ်ရာမှာ သူရဲ့ စွမ်းဆောင်ရည် မကောင်းခဲ့ကြောင်း အသိအမှတ်ပြုထားပြီး သူ့ရဲ့ ဒီမိုကရက်ပါတီဝင် အပေါင်းအပါတွေကလည်း အားမရ ဖြစ်ခဲ့ကြပါတယ်။…

မင်းတုန်းမှာ စစ်ကောင်စီ ဖောကား တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံး

မင်းတုန်း၊ ဇွန် ၂၉ မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီ ဖောကားတစ်စီး တိုက်ခိုက်ခံရတာကြောင့် စစ်ကောင် စီလက်အောက်ခံ တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက် မနက် ၈ နာရီခွဲအချိန်ခန့်မှာ မင်းတုန်းမြို့ကနေ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း ထွက်ခွာလာတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ၂၅ ဦးပါတဲ့ ဖောကားကို…

ကျိုက်ထိုမှာ လူမှုကူညီရေးအသင်းဝင်လေးဦး သေဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ခံရ

ကျိုက်ထို၊ ဇွန် ၂၉ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စံနိုင် လူမှုကူညီရေးအသင်းဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မိ သားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က ကော့စံနိုင်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးချမ်းသာအောင်၊ ဦးစိုးလှိုင်၊ ဦးမြအောင်နဲ့ သမီးဖြစ်သူ မချောစုရတနာတို့ကို နေအိမ်တွေမှာ အင်အားအလုံးအရင်းနဲ့…

ကျောက်မဲနဲ့ မိုးကုတ်တိုက်ပွဲအတွင်း ကိုရင်တွေအပါအဝင်အရပ်သား ၁၀ ဦး ထပ်မံသေဆုံး

ကျောက်မဲ၊ ဇွန် ၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကိုရင်နဲ့သီလရှင်တွေအပါအဝင် အ ရပ်သား ၁၀ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအဆက်အဖြစ် ဇွန် ၂၈ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေမှာ…