June 21, 2024

မွန်ပြည်သစ်ပါတီ AD နဲ့ လူမှုအသင်းအဖွဲ့တွေ တွေ့ဆုံ

ရေး၊ ဇွန် ၂၁ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကို ရှင်းလင်းတင်ပြဖို့၊ ပြည်သူတွေရဲ့အသံနဲ့ အကြံပြုချက် ရယူဖို့အတွက် လူမှုအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ AD က သတင်းထုတ်ပြန်ပါတယ်။ ဇွန် ၁၉ ရက်နေ့က မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ လူမှုအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့တာပါ။ တွေ့ဆုံပွဲကို လူမှုအသင်းအဖွဲ့အသီးသီးက…

စလင်းမြို့နယ်မှာ စစ်ကောင်စီလက်ချက်နဲ့ ပြည်သူနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ

မကွေး၊ ဇွန် ၂၁ မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူနှစ်ဦးကို နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ဇွန် ၁၈ နဲ့ ၁၉ ရက်တွေမှာ စျေးသည်တစ်ဦးနဲ့ ဆိုင်ကယ်မောင်းလာသူတစ်ဦးကို စလင်းမြို့ လေးတိုင်စင်အနီးမှာ ပစ်သတ်လိုက်တာပါ။ “အမျိုးသမီးကစျေးသည်ပါ။ မနက် သုံးနာရီလောက်မှာ စျေးခြင်းတောင်းနဲ့လာတာကို ပစ်သတ်ပြီးတော့ ကားမှာ ကြိုးနဲ့ဆွဲပြီး စခန်းဘက်ကိုမောင်းထွက်သွားတာ။”…

ကျီးပင်စု လောင်းကစားဝိုင်း PDF တွေ ဝင်စီးပြီး ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့”ပဲခူးတိုင်း သနပ်ပင်မြို့နယ် ကျီးပင်စုရွာက လောင်းက စားဝိုင်းကို PDF တွေ ဝင်ရောက်လုယူကာ ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို…

စစ်အာဏာသိမ်း (၁၂၃၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၀၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၂၁ AAPP ရဲ့ ဇွန် ၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၃၇) ရက်အတွင်း ပြည်သူ (၅၃၀၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၉၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ်အတွင်း ဝင်ရောက်လာမယ့် ထိုင်းကုန်ပစ္စည်းတွေကို စစ်ကောင်စီ လိုက်လံဖမ်းဆီးနေ

မော်လမြိုင် ၊ ဇွန် ၂၂ ထိုင်း-မြန်မာနယ်စပ်ကနေတဆင့် မွန်ပြည်နယ်အတွင်း ဝင်ရောက်လာမယ့် ထိုင်းကုန်ပစ္စည်းတွေကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက လမ်းတွေမှာ စောင့်ဆိုင်းပြီး ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ကုန် သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ပြည်နယ်အတွင်း ဝင်ရောက်လာမယ့် ထိုင်းကုန်ပစ္စည်းတွေကို ဒုစစ်ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ညွှန်ကြားချက်ကြောင့် ဖမ်းဆီးနေတာဖြစ်တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ…

စစ်ကောင်စီနဲ့ ပါတီအစုအဖွဲ့တို့ ဆွေနွေးမှု ဒီမိုကရေစီကိုဦး တည်တဲ့ ပုဒ်မတွေပြင်ဆင်ဖို့ သဘောတူ

နေပြည်တော် ၊ ဇွန် ၂၂ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ဆွေးနွေးမှုမှာ ဒီမိုကရေစီကို ဦးတည်တဲ့ ပုဒ်မတွေပြင်ဆင်ဖို့ သဘောတူနိုင်ခဲ့တယ်လို့ ပါတီအစုအဖွဲ့ဘက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့အချက်တွေအပါအဝင် အပစ်ရပ်ထိုး EAO တွေနဲ့ ဆွေးနွေးညှိနှိုင်းရရှိထားတဲ့ ဘုံသဘောတူညီချက်တွေကို ဆွေးနွေးဖို့…

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၃ အတွက် လူသစ်စု ဆောင်းခံရသူ ၁၆၅ ဦး ရှိ

မော်လမြိုင်၊ ဇွန် ၂၂ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၃ အတွက် လူသစ်စုဆောင်းခံရသူ ၁၆၅ ဦးရှိပြီး စစ်သားစုဆောင်းခံရသူ ၈၀၀ နီးပါးအထိ ရှိလာခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်မှုထမ်းအပတ်စဉ် ၃ အတွက် လူသစ်စုဆောင်းခံထားရတဲ့သူတွေကို ဇွန် ၂၁ ရက်နေ့က စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး…

ကျိုက်ထိုတိုက်ပွဲမှာ KNLA ပူးပေါင်းအဖွဲ့က ရဲဘော်နှစ်ဦးကျဆုံး

ကျိုက်ထို၊ ဇွန် ၂၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း KNLA ပူးပေါင်းအဖွဲ့က ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန် ၂၀ ရက်နေ့ နေ့လည် ၁၂…

ပင်လောင်းမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆရာ တော်တစ်ပါး ပျံလွန်တော်မူ

ပင်လောင်း၊ ဇွန် ၂၁ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီနဲ့ လက် အောက်ခံ PNO ပြည်သူ့စစ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့မှာ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO…

ရုရှားနဲ့ မြောက်ကိုရီးယား တိုက်ခိုက်ခံရရင် အချင်းအချင်း ကူညီဖို့ သဘောတူ

ပြုံးယမ်း၊ ဇွန် ၂၁ ရုရှားနဲ့မြောက်ကိုရီးယား တိုက်ခိုက်ခံရရင် အချင်းချင်း ကူညီမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားပြီး နှစ်နိုင်ငံဆက်ဆံရေးကို နောက်တစ်ဆင့် တိုးမြှင့်လိုက်ပါတယ်။ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လာရောက်တဲ့ သမ္မတပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဉ်မှာ မြောက်ကိုရီးယားနိုင်ငံသား ထောင်ပေါင်းများစွာက နှစ်နိုင်ငံအလံတွေ ကိုင်ဆောင်ပြီး ပူတင်ကို ကြိုဆိုပါတယ်လို့ အော်ဟစ်ခဲ့ကြပါတယ်။ အဲဒီနောက် နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ၁၉၆၁၊…