May 2024

KNU ဖာပွန်ခရိုင်က စစ်ကောင်စီတပ်စခန်း ၅ ခု ထပ်မံစွန့်ခွာထွက်ပြေး

ဖာပွန်၊ မေ ၇ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ လာရောက်အခြေချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခု ထပ်မံစွန့်ခွာထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ ၅ က မေ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီတပ်စခန်းတွေဟာ ဖာပွန်ခရိုင်အတွင်းက သူးမွဲထာ၊ ကောကော်ထာ၊ ညာတဃိုကျိုး၊ ဟော်မုဒဲနဲ့ မယ်ဝေ…

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံနီးပါး ပြုန်းတီးသွားပြီလို့ NUG ပြော

ရန်ကုန် ၊ မေ ၇ စစ်ကောင်စီတပ်ရဲ့ အမာခံ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံနီးပါး ယိုယွင်းပြုန်းတီးခဲ့ပြီဖြစ်တဲ့အတွက် စစ်အခြေအနေဖန်တီးနိုင်မှုဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်သို့ အပြည့်အဝ ရောက်ရှိခဲ့ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးကြောင့် အခုအခါမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀ ခု ၊ စကခ ၂၀ နဲ့ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးအင်အားပြုန်းတီးခဲ့မှုအပေါ်…

မလေးရှားဘုရင်ရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် စင်ကာပူသို့ သွားရောက်

ကွာလာလမ်ပူ၊ မေ ၇ သမ္မတသာမန်ရှန်မူဂါရက်နန်ရဲ့ ဖိတ်ကြားချက်အရ မလေးရှားဘုရင်ဟာ မေ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ စင်ကာပူသို့ လာရောက်မယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ မလေးရှားဘုရင်အဖြစ် တင်မြှောက်ခံရပြီးနောက်ပိုင်း ဆူလ်တန်ဧဗရာဟင်ဆူလ်တန်အစ္စကန်ဒါရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။ သူဟာ ၂၀၂၂ က ဂျိုဟိုးဒေသအကြီးအကဲအဖြစ် စင်ကာပူသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့…

နေတိုးအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တာလို့ ရုရှားစွပ်စွဲ

မော်စကို ၊ မေ ၆ ရုရှားနယ်စပ်အနီးမှာ နေတိုးအဖွဲ့ရဲ့ လေးလကြာ စစ်ရေးလေ့ကျင့်မှုတွေက ရုရှားနဲ့ဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ကြောင်း သက်သေပြနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရုရှားဟာ မိမိတို့အဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ နေတိုးအဖွဲ့ရဲ့ ပြောဆိုချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ မာရီယာဇက်ဟာရိုဗာက ပယ်ချပြီး ဒါက နေတိုးအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အများအာရုံမစိုက်အောင်…

ဘီးလင်း-ဖာပွန်ကားလမ်းပေါ်က တံတားတစ်စင်း မိုင်းခွဲခံရလို့ ပြိုကျပျက်စီး

ဘီးလင်း၊ မေ ၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအုပ်စု ပျဉ်သာကျေးရွာ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီနေ့ မေ ၆ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ ဘီးလင်း -ဖာပွန်ကားလမ်းပေါ်က မိုင်တိုင်အမှတ် ၁၆/၂ နဲ့ ၁၆/၃ ကြားမှာရှိတဲ့ ကညင်ပင်ကွင်းတံတားကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက…

စလင်း PDF ရဲဘော်တွေ ဆက်ကြေးကောက်နေတယ်လို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့”စလင်း PDF တပ်သားတွေက ဆက်ကြေးကောက်ယူနေတယ်”လို့ စစ်တပ်လော်ဘီတွေက ဖြန့်ချိနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို ဟန်ငြိမ်းဦး၊ အောင်မင်း၊မှိုင်းဝေစတဲ့ စစ်တပ်လော်ဘီအကောင့်တွေမှတဆင့် မေ ၅ ရက်နေ့မှာ…

နိုင်ငံအဆင့် အောင်ဇေယျစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ဒါဇင်နဲ့ချီ ထပ်မံသေဆုံး

ကော့ကရိတ်၊ မေ ၆ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေါနတောင်ကို ထိုးစစ်ဆင်လာတဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးမှာ ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ၂၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက မေ ၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက နိုင်ငံတော်အဆင့်ဖြစ်တဲ့ အောင်ဇေယျစစ်ဆင်ရေးတစ်ရပ်ကို ပြီးခဲ့တဲ့ ဧပြီ ၁၁…

ရခိုင်ပြည်နယ် ဘူးသီးတောင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ AA ထံ လက်နက်ချအညံ့ခံ

ဘူးသီးတောင်၊ မေ ၆ ရခိုင်ပြည်နယ် ဘူးသီးတောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုတပ်မဌာနချုပ်မှ ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချ အညံ့ခံခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ဒီနေ့ မေ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။ စကခ ၁၅ လို့ခေါ်တဲ့ အမှတ်…

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ SSPP ပြော

ဝမ်ဟိုင်း ၊ မေ ၅ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အနေနဲ့ လက်ရှိဖြစ် ပေါ်နေတဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးမှာ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်သွားမယ့် အဆင့်မျိုး ဆုံးဖြတ်ထားတာမရှိသေးဘူးလို့ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဆုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP Info ရဲ့ Facebook…

လိုက်ဘေးရီးယားမှာ ပထမဆုံး စစ်ရာဇဝတ်မှုတရားရုံး ဖွင့်လှစ်မယ်

မွန်ရိုးဗီးယား၊ မေ ၅ လူပေါင်း နှစ်သိန်းခွဲ သေဆုံးခဲ့ရတဲ့ ပြည်တွင်းစစ်နှစ်ခု အဆုံးသတ်ပြီးနောက် နှစ်ပေါင်း ၂၀ကျော်အကြာမှာ လိုက်ဘေးရီးယားရဲ့ ပထမဆုံး စစ်ရာဇဝတ်မှုတရားရုံး ဖွင့်လှစ်ရေး အထူးအမိန့်တစ်ရပ်ကို သမ္မတဂျိုးဆပ်ဘိုအာကိုင်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ ၁၉၈၃ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတွေနဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် ခေါ်ယူစုဆောင်းမှုတွေအပါအဝင်…