May 2024

လူငယ်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ မေ ၁၉ လူငယ်တွေအနေနဲ့ အချင်းချင်း ညီညီညွတ်ညွတ် ကြိုးစားပြီး ဦးစီးဦးဆောင်မှုတွေမှာ အတူတကွ လုပ်ဆောင်ကြဖို့လိုသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးဖော်ထုတ်ပြသဖို့နဲ့ လေ့လာသင်ယူကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းလိုက်ပါတယ်။ လာမယ့် မေ ၂၃ ရက်နေ့မှာ ကျရောက်မယ့် ၃၅ နှစ်ပြည့် ကရင်လူငယ်အစည်းအရုံး KYO နေ့အ တွက် ဂုဏ်ပြုစကားပြောကြားရာမှာ…

ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA အပြီးသတ်သိမ်းယူ

ဘူးသီးတောင်၊ မေ ၁၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဗျူဟာဌာနချုပ်အပါအဝင် တပ်စခန်းအားလုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ တစ်ခုမကျန် သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။ မေ ၁၈ ရက်နေ့ နောက်ဆုံးသိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ဘူးသီးတောင်ဌာနချုပ်အပါအဝင် အမတ ၃၇၈ ၊ ခမရ ၂၃၄ ၊ ခမရ…

ပြည်တွင်းရွှေဈေး ၅၁ သိန်းကျော်ပြီ

မော်လမြိုင် ၊ မေ ၁၈ ကမ္ဘာ့ရွှေနဲ့ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းမီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၅၁ ကျော်အထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလပထမအပတ်က ပြင်ပဈေးကွက်မှာ တစ်ကျပ်သား ၄၇ သိန်းဝန်းကျင်သာရှိတဲ့ ပြည် တွင်းမီးလင်း အခေါက်ရွှေဟာ မေ ၁၈ ရက်နေ့မှာတော့ ကျပ်သိန်း ၅၁ ကျော်အထိ…

ကော့ကရိတ်မှာ စစ်သင်္ဘော လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကော့ကရိတ်၊ မေ ၁၈ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဘုရားကြီးကျေးရွာထဲကို စစ်ကောင်စီ စစ်သင်္ဘောကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ဂျိုင်းမြစ်အတွင်းမှာ ရှိနေတဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးတစ်လုံး ရမ်းသမ်းပစ်ခတ်ရာကနေ ဘုရားကြီးကျေးရွာရှိ ရွှေ့ပြောင်းအလုပ်သ မားတွေနေထိုင်ရာ…

ထားဝယ်အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးဌာနချုပ် ဒရုန်းနဲ့တိုက်ခိုက်ခံရ

ထားဝယ်၊ မေ ၁၈ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၆ ရက် မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ စကခ ၈ ဌာနချုပ်အတွင်းရှိ အရာရှိတွေ စုဝေးရောက်ရှိရာနေရာနဲ့ Mi-2 ရဟတ်ယာဉ် နှစ်စီး ရပ်နားထားတဲ့နေရာတွေကို…

ဝဲကြီးထောင့်ဆေးရုံ ဗုံးကြဲမှုကို AA ဌာနချုပ်လို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ဆေးရုံကို ရက္ခိုင့်တပ်တော် AA ဌာနချုပ်ဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်တာဆိုပြီး” စစ်တပ်လော်ဘီတွေ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို…

ခါကိဗ်မြို့ကို အသည်းအသန် တိုက်ခိုက်နေပေမယ့် သိမ်းယူဖို့အစီအစဉ် မရှိဘူးလို့ ပူတင် ပြော

မော်စကို၊ မေ ၁၈ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ခါကိဗ်ကို အသည်းအသန် တိုက်ခိုက်နေပေမယ့် လောလောဆယ် သိမ်းယူဖို့ အစီအစဉ်မရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့အချိန်မှာ အဲဒီလိုအစီအစဉ်မရှိသေးတဲ့အကြောင်း တရုတ် ခရီးစဉ်အဆုံးသတ်မှာ ပူတင်က ပြောဆိုခဲ့တာပါ။ ရုရှားနယ်စပ်ဒေသအတွက် လုံခြုံရေးဇုန်ဖန်တီးရေး ခါကိဗ်မြို့ အရှေ့မြောက်ပိုင်းကို ရုရှားတပ်တွေက ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သမ္မတပူတင်က…

နိုင်ငံနယ်နိမိတ်ကို အားမာန်အပြည့်နဲ့ ကာကွယ်သွားမယ်လို့ ဖိလစ်ပိုင် သမ္မတ ကြွေးကြော်

မနီလာ ၊မေ ၁၈ တရုတ်နဲ့ ရေပြင်နယ်နိမိတ် အငြင်းပွားမှု ပြင်းထန်လာချိန်မှာ ဖိလစ်ပိုင် သမ္မတ မားကို့စ်ဂျူနီယာက မိမိတို့ နိုင်ငံပိုင်နက်ကို အားမာန်အပြည့်နဲ့ ကာကွယ်သွားမှာ ဖြစ်ကြောင်း မေ ၁၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်ပိုင်ဆိုင်တဲ့ နယ်နိမိတ်ကို မလေးမစားလုပ်ပြီး ချင်းနင်းဝင်ရောက်နေသူတွေကို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဥပဒေလိုက်နာတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဥပဒေအရ၊ တာဝန်ခံမှုအရ တုံ့ပြန်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတက…

စစ်အာဏာသိမ်း (၁၂၀၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၀၉၈) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၈ AAPP ရဲ့ မေ ၁၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၂) ရက်အတွင်း ပြည်သူ (၅၀၉၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၉၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၂၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မော်လမြိုင် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ဌားရမ်းမှုသွက်နေ

မော်လမြိုင် ၊ မေ ၁၈ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က မြို့နယ်တစ်ချို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မော်လမြိုင်မြို့က အိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ်နဲ့ ဌားရမ်းမှုသွက်နေတယ်လို့ အိမ်ခြံမြေအကျိုး ဆောင်တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းနဲ့ ဧပြီလအတွင်း မွန်နဲ့ကရင်နယ်စပ် ဂျိုင်းမြစ်ဝှမ်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့ဘက်က တိုက်ပွဲအတွင်း ဒေသခံပြည်သူတွေ သိန်းချီ နေရပ်စွန့်ခွာခဲ့ကြရတာပါ။…