ဘီးလင်း၊ မေ ၂၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာနေ ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ အင်ဖော်မာ ဦးသက်လွင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KFR က ထုတ်ပြန်ပါတယ်။

မေ ၂၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံထားရတဲ့ အသက် ၄၆ နှစ်အ ရွယ် အင်ဖော်မာ ဦးသက်လွင်ဦးကို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF နဲ့ ကျိုက်ထို ပကဖ ပူး ပေါင်းအဖွဲ့က ကျေးရွာစာသင်ကျောင်းအနီး ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

သေနတ်နဲ့အနီးကပ်ပစ်ခတ်ခံရတာကြောင့် ဦးသက်လွင်ဦးဟာ ဦးခေါင်းနဲ့နောက်ကျောတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

အင်ဖော်မာ ဦးသက်လွင်ဦးအား ပစ်ခတ်ရှင်းလင်းစဉ် လက်ပစ်ဗုံး ၂ လုံး၊ ငွေကျပ် ၁၅၀၀နဲ့ အိတ်တစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ KRF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ရဲသတင်းပေးဆောင်ရွက်နေတဲ့ ဦးသက်လွင်ဦးဟာ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့ မြို့နယ်အဆင့် ကော်မတီဝင်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

အင်ဖော်မာ ဦးသက်လွင်ဦး သေဆုံးပြီးနောက် စစ်ကောင်စီတပ်က လာရောက်စစ်ဆေးတာတွေ လုပ်ဆောင်ပြီးနောက် အလောင်းကို ဘီးလင်းပြည်သူ့ဆေးရုံထံ ပို့ဆောင်ခဲ့ပါတယ်။

မွန်ပြည်နယ်မှာ အခုနှစ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေအပါအဝင် သ တင်းပေး ဒလန် ၂၀ ထက်မနည်း ပစ်ခတ်ရှင်းလင်းခံရတာကြောင့် သေဆုံးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.