May 22, 2024

စစ်အာဏာသိမ်း (၁၂၀၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၂၉) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၃ AAPP ရဲ့ မေ ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၇) ရက်အတွင်း ပြည်သူ (၅၁၂၉ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၇၁၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၄၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စားဝတ်နေရေး အခက်အခဲတွေကြောင့် အမျိုးသမီးလိင်ဝန်ဆောင်မှု လုပ်ကိုင်သူပိုများလာ

မော်လမြိုင် ၊ မေ ၂၃ မွန်ပြည်နယ်မှာ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း စားဝတ်နေရေး အခက်အခဲတွေကြောင့် အမျိုးသမီး လိင်ဝန်ဆောင်မှု လုပ်ကိုင်သူ ပိုများလာတယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အာဏာသိမ်းကာလအတွင်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာမှုနဲ့အတူ အလုပ်အကိုင် အခွင့် အလမ်းရှားပါးမှုတွေကြောင့် အမျိုးသမီးတွေဟာ ခန္ဓာကိုယ်နဲ့ရင်းပြီး ငွေကြေးရှာဖွေရတဲ့ လိင်ဝန် ဆောင်မှုလုပ်ငန်းတွေကို ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြတာပါ။ သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ…

ကချင်မှာ စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါး KIA သိမ်းပိုက်ရရှိထား

ဝိုင်းမော် ၊ မေ ၂၃ ကချင်ပြည်နယ် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၁၀၀ နီးပါး သိမ်းပိုက်ရရှိထားတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံမြောက်ပိုင်း ဧရိယာတစ်ခုလုံးရဲ့ တော်လှန်ရေးတပ်ဦးဖြစ်တဲ့ KIA ဟာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ မတ် ၇ ရက်နေ့ကစပြီး လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ အဲဒီစစ်ဆင်ရေးအတွင်း…

ကလိန်အောင်ရဲစခန်းနဲ့ မြို့ဝင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ရေဖြူ၊ မေ ၂၃ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့ရဲစခန်းနဲ့မြို့ဝင်စစ်ဆေးရေးဂိတ်ကို မေ ၂၂ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲထားတဲ့ ရဲစခန်းနဲ့မြို့ဝင်စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့ဘက်က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့တာပါ။…

လေးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၆၀ နီးပါးသေဆုံး

မော်လမြိုင် ၊ မေ ၂၃ မြေပြင်ထိတွေ့တိုက်ပွဲတွေမှာ တိုက်ခိုက်ရေးအင်အား ယိုင်နဲ့လာနေတဲ့ စစ်ကောင်စီတပ်က လေ ကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် အခုနှစ်လေးလတာအတွင်း အရပ်သားပြည်သူ ၃၆၀ နီးပါး သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာက ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဧပြီလအတွင်း စစ်ကောင်စီတပ်ကနေ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက် ခိုက်မှု ဖြစ်စဉ်ပေါင်း ၈၂၀ နီးပါး…

ဗီယက်နမ် ထိပ်တန်းလုံခြုံရေးအရာရှိ သမ္မတအဖြစ် အတည်ပြုခန့်အပ်ခံရ

ဟနွိုင်း၊ မေ ၂၂ ဗီယက်နမ် ထိပ်တန်းလုံခြုံရေး အရာရှိ တိုလမ်ကို နိုင်ငံရဲ့ သမ္မတအဖြစ် မေ ၂၂ ရက်နေ့မှာ အတည်ပြုခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ အခြေခံလွတ်လပ်ခွင့်တွေ ဖိနှိပ်ခံရပြီး ဗီယက်နမ်ထောက်လှမ်းရေး ဌာနဟာ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုခဲ့တဲ့ကာလမှာ သမ္မတ တိုလမ်ဟာ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေး ဆိုင်ရာစစ်ဆင်ရေးတွေကို ကြီးကြပ်ခဲ့သူ ဖြစ်ပါတယ်။…

အိန္ဒိယမှာ အပူချိန်မြင့်တက်လာမှုကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရ

နယူးဒေလီ၊ မေ ၂၂ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေလို့ အရာရှိတွေက နွေရာသီ အားလပ်ရက်အတွက် စာသင်ကျောင်းတွေ စောစောပိတ်ဖို့ ညွှန်ကြားထားပါတယ်။ အရမ်းပူပြင်းနေတဲ့ အပူချိန်ကြောင့် ဒေလီမြို့ အရာရှိတွေက စာသင်ကျောင်းတွေကို သတ်မှတ်ရက်ထက် ရက်အနည်းငယ် စောပြီး ပိတ်ထားဖို့ ညွှန်ကြားထားတာ ဖြစ်ကြောင်း Hindustan Times…

စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဗုဒ္ဓနေ့အခမ်းအနား (သတင်းဓာတ်ပုံ)

စင်ကာပူ မေ ၂၂ စင်ကာပူနိုင်ငံက ကုန်မန်ဆန်ဖာကတ်ဆီ ဘုန်းကြီးကျောင်းမှာ ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်တစ်စိတ်တစ်ပိုင်းအနေနဲ့ မေ ၂၁ ရက်ညနေပိုင်းမှာ “ခြေလှမ်း သုံးလှမ်း၊ တစ်ခါ ဦးချ” အစဉ်အလာအတိုင်း မြတ်စွာဘုရားရှင်ကို ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေနဲ့ အသက်အရွယ်စုံမှ ကိုးကွယ်ယုံကြည်သူတွေက အလေးအမြတ်ပြု ပူဇော်ခဲ့ကြပါတယ်။ ဘုန်းကြီးကျောင်း ပရဝုဏ်အတွင်းမှာ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူ ၁ သောင်းဝန်းကျင်လောက်ဟာ အချိန် ၂…