အမှန်/အမှား

++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့”ရေးဘီလူးအဖွဲ့ ဆတ်ကြေးကောက်နေတယ် ဆိုပြီး” စစ်ကောင်စီအကောင့်တုတွေက ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို snow queen ၊ ဟန်ငြိမ်းဦး၊ ကျော်စွာစတဲ့ စစ်တပ်လော်ဘီ အကောင့်တွေကနေ မေ ၁၅ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က အမှတ် ၈ ရေး-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေးမြို့နယ် စုံနံ့သာကျေးရွာအနီးမှာ နယ်မြေစိုးမိုးရေးအတွက် လုံခြုံရေးစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ သူတို့အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေးဘီလူးအဖွဲ့ လုံခြုံရေးစစ်ဆေးနေစဉ် ခရီးသည်တင်ယာဉ်နဲ့ လိုက်ပါလာတဲ့ ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၇ တပ်ရင်းမှ တပ်ကြပ်တစ်ဦးရဲ့သားဖြစ်သူကို ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်နဲ့သက်ဆိုင်တဲ့ အထောက်အ ထားတွေ ပါရှိနေခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ ရေးဘီလူးခေါင်းဆောင်ရဲ့ ပြောပြချက်ကို မွန်သတင်း-IMNAသတင်းဌာနက ဖော်ပြထားပါတယ်။

ရေဘီလူးအဖွဲ့ ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://web.facebook.com/permalink.php?story_fbid=pfbid0yENfu5DGV7nTUoNg4WdrTqDafagKq8nWdwCFScweG7XgZCwU8kHuDB89XxjezH13l&id=61555499866580

မွန်သတင်း-IMNAသတင်းဌာနကဖော်ပြထားတဲ့သတင်း

https://web.facebook.com/IMNABur/posts/pfbid0DG6keNeBCPKg8Lsj1Q3ngMgwxazrGzGEBhwHwunyEHVsfWTK5iFZYMC85j4HbXy8l

မောင်းသတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02zeiZdRk5CoCjRPkjxmZewprG3tP3CoXnGBQPSPJRu1hHTtZx7FkEDUzTPUu1S4vKl&id=100064377741377&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.