အမှန်/အမှား

+++++++++

မင်္ဂလာပါရှင်။

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့”ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ရာနဲ့ချီ မေ ၄ ရက်နေ့မှာ လက် နက်ချအညံ့ခံတာ သတင်းအမှားဆိုပြီး” စစ်တပ်လော်ဘီတွေ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို နေပြည်တော်၊ ဟန်ငြိမ်းဦး၊ ကျော်စွာစတဲ့ စစ်တပ်လော်ဘီအကောင့်တွေကနေ မေ ၆ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်အား မေလပ ထမအပတ်မှာ သိမ်းပိုက်ရရှိပြီးနောက် ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက် နက်ချအညံ့ခံမှုကို ရက္ခိုင့်တပ်တော် AA ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။

AA က ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာ စစ်ကောင်စီတပ်သားတွေအပြင် တပ်မိသားစုဝင်တွေဖြစ်တဲ့ က လေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် စစ်သင်တန်းပေးထားတဲ့ တပ်သားသစ်တွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတဲ့ စကခ ၁၅ တပ်မဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်နက်ချအညံ့ခံတဲ့ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်သားတွေဟာ အပြတ် အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်တဲ့ အခြေအနေမှာ လက်နက်ချအညံ့ခံခဲ့တာကြောင့် အ သက်ချမ်းသာရာရခဲ့သူတွေ ဖြစ်တယ်လို့ AA ရဲ့ သတင်းထုတ်ပြန်ချက်ကို MIZZIMA သတင်းဌာနက ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://t.me/khaingthukha/1022

MIZZIMAသတင်းဌာနကဖော်ပြထားတဲ့သတင်း

https://m.facebook.com/story.php?story_fbid=pfbid0bGyiJg3hwa1YeF2HkMsb1iwoUCKyW6ztkzXH1myRE5Jo8qtCrqWbW9HfrnMN41Y6l&id=100067928020493&mibextid=Nif5oz

DVBသတင်းဌာနကဖော်ပြထားတဲ့သတင်း

https://fb.watch/rZM6zwXNKI/?mibextid=Nif5oz

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.