အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့”ကျိုက်မရောက စစ်ရှောင်နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဖောက် ထွင်းခိုးယူ ကားနဲ့တင်ကာ မော်လမြိုင်မှာ သွားရောက်ရောင်းချနေတာကို သတင်းအမှားဆိုပြီး” စစ်တပ်လက်အောက်ခံ သတင်းဌာနတွေက ဖြန့်ချိနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီလက်အောက်ခံ ကြေးမုံသတင်းစာ၊မြန်မာ့အလင်း၊MOIစတဲ့ သတင်းဌာနတွေက မေ ၉ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မွန်ပြည်နယ်၊ ကျိုက်မရောဒေသအတွင်းရှိ ဓမ္မသ၊ ကော့စွယ်၊ ကော့သပ်၊ တရနာ၊ သံကလောင်၊ ကျွန်းကုန်းပိုင်းရွာ အပါအဝင် ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ပလိုင်ရွာတို့ရှိ တန်ဖိုးကြီး ဆိုင်ကယ်အပြင်၊ မီးခံသေတ္တာ၊ နေအိမ်အသုံးအဆောင်ပစ္စည်းနဲ့ ပရိဘောဂတို့ကို စစ်ကောင်စီတပ်သားတွေက တစ်ရက်လျှင် ကားဆယ်စီးစာမက ခိုးယူသယ်ဆောင်နေတယ်လို့ ကျိုက်မရောဒေသခံတွေကိုမေးမြန်းပြီး Myanmar peace monitor က ဖော်ပြပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ သူတို့ယူဆောင်သွားတဲ့ တန်ဖိုးကြီးအ သုံးအဆောင်ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေကို မော်လမြိုင်မြို့ ရခိုင်ကုန်းဈေးနဲ့ ဘားအံမြို့ ဇာသပြင်ဘက်တွေမှာ ပြန်လည်ရောင်းချနေတာ တွေ့ရှိရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးသူတစ်ဦးရဲ့ ပြောပြချက်ကို Myanmar peace monitor က ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ်သတင်းဌာနမှာတော့ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲကာလအတွင်း စစ်ရှောင်ဒေသခံတွေရဲ့ နေအိမ် ၁၀၀၀ ထက်မနည်း ဖောက်ထွင်းခိုးယူခံခဲ့ရပြီး ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ နေအိမ်ဖောက်ထွင်းခံရမှုကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက အများဆုံးကျုးလွန် သွားတာဖြစ်တယ်လို့ ဒေသခံတွေကို မေးမြန်းကာ ဖော်ပြထားပါတယ်။

Myanmar peace monitorရဲ့ သတင်းထုတ်ပြန်ချက်လင့်

Than lwin timeသတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://m.facebook.com/story.php?story_fbid=pfbid031e3ce4k9AbZkRBYnGasdukiBNDRxhWKZpUXVG43p2RUSux9jt99nk27pCJfWfUf1l&id=100077424451291&mibextid=Nif5oz

DVBသတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://m.facebook.com/story.php?story_fbid=pfbid0zuM2sHBXSaJoh9Jm7J4HtH8WK7qgde6x7qymKtLwzoNKevNyg56X5DdkE3t4SY6xl&id=100064451569209&mibextid=Nif5oz

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.