May 11, 2024

နိုင်ငံတဝန်းက မြို့နယ် ၉၀ နီးပါးမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း ဖြတ်‌တောက်ခံထားရ

မော်လမြိုင် ၊ မေ ၁၂ အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းက မြို့နယ် ၉၀ နီးပါးမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ မေ ၇ ရက်နေ့မှာ အသံအဖွဲ့ကနေ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ အသံအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ရန်ကုန်နဲ့ နေပြည်တော်ကလွဲရင် ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ဖုန်းလိုင်းနဲ့…

ကျုံအိတ်တံတား မိုင်းခွဲခံရလို့ ကုန်စည်စီးဆင်းမှုရပ်တန့်

မော်လမြိုင် ၊ မေ ၁၂ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အစပ် ရွှေရောင်ပြကျေးရွာရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ တည်ရှိတဲ့ ကျုံအိတ်တံတား ထပ်မံမိုင်းခွဲခံရတာကြောင့် တောင်ပိုင်းဒေသရဲ့ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားပြီလို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျုံအိတ်တံတားဟာ မေ ၁၁ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ မိုင်းထောင်ဖောက်ခွဲခံရတဲ့အတွက် အရင်ကျန်ရှိတဲ့ ကွန်ကရစ်တံတားတစ်ခြမ်းအပြင် အသစ်ပြန်ပြင်ထားတဲ့ ဘေလီတံတား…

တနင်္သာရီက ၁၀၂၀ ပွိုင့်စခန်းကုန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

တနင်္သာရီ၊ မေ ၁၂ စစ်ရေးအရ အရေးပါတဲ့ တနင်္သာရီတိုင်း တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်အစပ်ရှိ စစ်ကောင်စီရဲ့၁၀၂၀ ပွိုင့်စခန်း ကုန်းကို မေ ၁၁ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီ ၁၀၂၀ ပွိုင့်စခန်းကုန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့မှာ စတင်ထိုးစစ်ဆင်…

ထိုင်းဘက်ကနေ အင်တာနက်ဖြတ်လိုက်ပေမယ့် မြဝတီ ရွှေကုက္ကိုလ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအလုပ်ဆက်ဖြစ်နေ

မြဝတီ မေ ၁၁ ထိုင်းနဲ့ မြန်မာနယ်စပ်မှာရှိတဲ့ မဲဆောက်နဲ့ မယ်လမတ်မြို့တို့ကနေ ကရင်ပြည်နယ်၊ မြဝတီမြို့နားက ရွှေကုက္ကိုလ်မြို့သစ်နဲ့ KK Park တို့မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ သုံးစွဲဖို့အတွက် ရရှိထားတဲ့ အင်တာနက်လိုင်းတွေကို မေ ၉ ရက်နေ့ကစလို့ ထိုင်းဘက်ကနေ ဖြတ်တောက်လိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြေအောက် အင်တာနက်လိုင်း၊ မြန်မာပြည်ဘက်က အင်တာနက်လိုင်းနဲ့ starlink တို့လို…

မကွေးတိုင်းမှာ Mask တပ်ရင် ပစ်သတ်မယ်လို့ စစ်တပ်ခြိမ်းခြောက်

မကွေး၊ မေ ၁၁ မကွေးတိုင်းဒေသကြီးရဲ့ မြို့နယ်တွေမှာ Mask တပ်ဆင်သွားပါက သေနတ်နဲ့ ပစ်သတ်လို့ရတယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက လိုက်လံခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မေ ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေရဲ့ အမိန့်စာအရ Mask တပ်ဆင်တာ၊ လက်နက်ခဲယမ်းထည့်ဝင်တဲ့ အိတ်တွေကို စလွယ်သိုင်းပြီး သွားလာတာ လုံးဝမပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ အခုလိုကန့်သတ်ရတာဟာ…

အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ နယူးဒေလီ ဝန်ကြီးချုပ် အာမခံနဲ့ ပြန်လွှတ်

နယူးဒေလီ၊ မေ ၁၁ အကျင့်ပျက်ခြစားမှုနဲ့ တစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ နယူးဒေလီ ဝန်ကြီးချုပ် အာဗင် ကာဂျရီဝဲလ်ကို အိန္ဒိယ တရားရုံးချုပ်ကနေ အာမခံနဲ့ လွတ်မြောက်ခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ဇွန် ၁ ရက်နေ့အထိ အာဏာပိုင်တွေဆီမှာ ထပ်ပြီးအဖမ်းခံမယ်ဆိုရင် အာမခံ ခွင့်ပြုပေးလို့ရတယ်လို့ အိန္ဒိယ တရားရုံးချုပ်က ပြောကြား ပါတယ်။ အရင်က အကျင့်ပျက်ခြစားမှု…

သထုံမှာ အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ

သထုံ၊ မေ ၁၁ မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာ အနန်းကုန်းပိုင်း လယ်ကွင်းထဲမှာ အမျိုသမီးငယ်တစ်ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အန်ဂလုံးဝိုင်းအလုပ်သမားဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် မမိုးနန္ဒာထွန်းကို အနန်းကုန်းပိုင်း လယ် ကွင်းထဲမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။ မမိုးနန္ဒာထွန်းရဲ့ ရုပ်အလောင်းပြန်တွေ့ချိန်မှာ နောက်ကျောထိုးသွင်းဒဏ်ရာ တစ်ချက်၊…

ဆရာဝန်တွေ သပိတ်မှောက်မှုကြောင့် နိုင်ငံခြားဆရာဝန်တွေ ငှားရမ်းဖို့ ကိုရီးယားအစိုးရ စီစဉ်

ဆိုးလ်၊ မေ ၁၁ တောင်ကိုရီးယားက အငယ်တန်းဆရာဝန်တွေရဲ့ သပိတ်မှောက်မှုဟာ လနဲ့ချီ ကြာမြင့်နေပြီး ပြေလည်မှု မရသေးတဲ့အတွက် နိုင်ငံခြားသားဆရာဝန်တွေကို ခေါ်ယူခန့်ထားရေး စီစဉ်ထားကြောင်း ဝန်ကြီးချုပ် ဟန်ဒက်ဆူးက မေ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဆရာဝန်တွေ ပိုမိုဖြည့်တင်းနိုင်ရေး အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အငယ်တန်း ဆရာဝန်ထောင်ပေါင်းများစွာက ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး သပိတ်မှောက်ခဲ့တာကြောင့်…

သရက်ချောင်း ပဲဒက်ရွာကို စစ်တပ်မီးရှို့ဖျက်ဆီးနေ

သရက်ချောင်း၊ မေ ၁၁ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာမှာ မေ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပဲဒက်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ တပ်အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပဲဒက်ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ ပဲဒက်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ကနဦးမှာ…

ရခိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရာနဲ့ချီ လက်နက်ချအညံ့ခံမှု သတင်းအမှားလို့ စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့”ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ရာနဲ့ချီ မေ ၄ ရက်နေ့မှာ လက်…