ဘန်ကောက်၊ မေ ၈

နိုင်ငံခြားရေးဝန်ကြီးအသစ်နဲ့အတူ ထိုင်းနိုင်ငံခြားရေးမူဝါဒ ဘယ်လိုဖြစ်လာမလဲဆိုတာ လော လောဆယ်မှာ မသေချာမရေရာဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖျူထိုင်းပါတီအစိုးရ တက်လာပြီးနောက် ထိုင်းနိုင်ငံရဲ့ သဘောထားဟာ အပေါင်း လက္ခဏာဆောင်ပြီး ဒေသဆိုင်ရာနဲ့ နိုင်ငံတကာမှာ ပုံရိပ်ကောင်းလာခဲ့ပါတယ်။

ဒါပေမဲ့ လက်ထောက်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန် ကြီး ပမ်ပရီဘာဟီဒါ နူကာရာ နုတ်ထွက်သွားပြီးနောက် ထိုင်းနိုင်ငံခြားရေးမူဝါဒ ထိခိုက်မှုရှိ၊မရှိဆိုတဲ့ မေးခွန်းထွက်ပေါ်လာခဲ့တာပါ။

ဒီလို နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲဖြစ်ပြီးနောက် နိုင်ငံခြားရေး မူဝါဒလည်း ပြောင်းလဲလာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မစ္စတာပမ်ပရီကို လုပ်ဖော်ကိုင်ဖက်တွေကရော အခြားအရာရှိတွေကပါ ချီးကျူးခဲ့ကြပေမယ့် ဝန် ကြီးများအဖွဲ့ ရာထူးနေရာ အပြောင်းအလဲ ပြုလုပ်ရာမှာ သူ့ရဲ့ အရင်လက်ထောက်ဝန်ကြီး ရာထူးဖယ်ရှားခံရပြီးနောက် သူရာထူးက နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာပမ်ပရီဟာ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခပြေလည်စေရေး လာအို၊ အင်ဒိုနီးရှားနဲ့ မလေးရှားစတဲ့ အာဆီယံသုံးနိုင်ငံ ဦးဆောင်ကြိုးပမ်းဖို့လည်း အဆိုပြုခဲ့သူဖြစ်ပါတယ်။

သူရာထူးက နုတ်ထွက်သွားတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ထိုင်းရဲ့မူဝါဒလည်း ပြောင်းလဲလာဖွယ်ရှိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

မစ္စတာပမ်ပရီဟာ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအပြင် နယ်စပ်လုံခြုံရေးအတွက်လည်း အစီအစဉ်တွေ ချမှတ်ခဲ့သူ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အသစ်ခန့်အပ်ခံရတဲ့ နိုင်ငံခြားရေးဝန်ကြီး မာရစ်က မြန်မာနိုင်ငံနဲ့ ပတ် သက်လို့ အရင်နိုင်ငံခြားရေးဝန်ကြီး ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေအတိုင်း ဆက်လက်လျှောက်လှမ်းမယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာတို့လို အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိုင်းနဲ့ သံတမန်ဆက်ဆံရေးဟာ သက်ဆင်အစိုးရလက်ထက်က ပုံစံမျိုး ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒီအချိန်မှာ ဇူလိုင်လ လလယ်ပိုင်း ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးမတိုင်ခင် လာအိုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်သို့ နောက်တစ်ကြိမ်လာရောက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Ref; Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.