May 3, 2024

တောင်စွန်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံး၊ တပ်ရင်းမှူးအပါအဝင် ၁၃ ဦး ထွက်ပြေး

ကြာအင်းဆိပ်ကြီး၊ မေ ၃ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တောင်စွန်းစစ်စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ကာ တပ်ရင်းမှူးအပါ ၁၃ ဦး ထွက်ပြေးသွားခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က ဒီကနေ့ မေ ၃ ရက်နေ့မှာ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၄ အခြေစိုက်…

စစ်အာဏာသိမ်း (၁၁၈၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၆၂) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၄ AAPP ရဲ့ မေ ၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၈၈) ရက်အတွင်း ပြည်သူ (၄၉၆၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၂၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၁၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့် ရပ်ဆိုင်းမှု ဘယ်လိုရိုက်ခတ်မှုရှိလာနိုင်မလဲ

မော်လမြိုင်၊ မေ ၄ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် သင်တန်းသားစာရင်းကောက်ယူဖို့ ကြိုးပမ်းနေချိန်မှာပဲ ပြည်တွင်းမှာရှိတဲ့ အမျိုးသားတွေကို တရားဝင်ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြောလာပါတယ်။ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဧပြီလကုန်အထိ နားလည်မှုစာချွန်လွှာ MOU နဲ့ ပြည်ပထွက်အလုပ်လုပ်ခွင့် တင်ထားတဲ့ အမျိုးသားစာရင်းတွေ မပါပေမယ့် မေ ၁…

ရေးမြို့နယ် ကုလားကုတ်ကျွန်းရှိ စစ်ကောင်စီရေတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ

ရေး၊ မေ ၄ မွန်ပြည်နယ် ရေးမြို့နယ် ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီရေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်နဲ့အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသ ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီရေတပ်စခန်းကို မေ ၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် မေ ၃ ရက်နေ့ မနက်ပိုင်းအထိ…

ပုလောတိုက်ပွဲမှာ PDF ရဲဘော်တစ်ဦးကျဆုံးပြီး ကိုးဦးဒဏ်ရာရ

ပုလော၊ မေ ၄ တနင်္သာရီတိုင်း ပုလောမြို့နယ် ထမင်းမစားကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်တစ်ဦးကျဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင် အားစု နဂါးမဲစစ်ကြောင်းထံကနေ သိရပါတယ်။ မေ ၂ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ တပ်အင်အား ၄၀ ဝန်းကျင်နဲ့ ထမင်းမစားကျေးရွာစာသင် ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက…

ဘုတ်ပြင်းမှာ မြေမြှုပ်မိုင်းနင်းမိပြီး မိန်းကလေးငယ်တစ်ဦး ခြေထောက်ပြတ်

ဘုတ်ပြင်း၊ မေ ၃ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် လေညာကျေးရွာမှာ မေ ၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ မိန်းကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ လေညာကျေးရွာနေ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် မမိစုဟာ နေအိမ်ကနေ တညင်ရွက်ခူးဖို့ သွားစဉ် စစ်ကောင်စီရဲ့ ခမရ ၅၆၀…

တောင်တရုတ်ပင်လယ်အရေး ရန်စမှုကြောင့် တရုတ်သံအမတ်ကို ဖိလစ်ပိုင်ဆင့်ခေါ်

မနီလာ၊ မေ ၄ ဖိလစ်ပိုင်သင်္ဘောတွေကို တရုတ်က မီးသတ်ပိုက်တွေ သုံးပြီး တားဆီးမှုကို ကန့်ကွက်ကြောင်း ဖိလစ်ပိုင်အစိုးရက မေ ၂ ရက်နေ့မှာ တရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး ပြောကြားခဲ့ပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်ရဲ့ လုပ်ရပ်တွေဟာ အနှောင့်အယှက်ဖြစ်စေပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်က မီးသတ်ပိုက်တွေသုံးပြီး ဖိလစ်ပိုင်သင်္ဘောတွေကို တားဆီးနေသလို အခြားရန်စမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင်ကပြောကြားပြီး…

မြန်မာဒုက္ခသည်ပထမအသုတ်ကို အိန္ဒိယက နေရပ်ပြန်ပို့

ဂူဝါဟက္တီ၊ မေ ၃ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ခိုလှုံဖို့ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေထဲက ပထမဆုံးအသုတ်ကို မေ ၂ ရက်နေ့မှာ နေရပ်ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။ ပြန်လည်ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး သီတင်းပတ်များစွာ ကြိုးပမ်းခဲ့ပေမယ့် အိမ်နီးချင်းမြန်မာ နိုင်ငံမှာ စစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အနှောင့်အ ယှက် ဖြစ်ခဲ့ရပြီးနောက် ပထမဆုံးအသုတ်ကို ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း…

တနင်္သာရီမှာ စစ်ကောင်စီတပ်ကြပ်ကြီးနှစ်ဦး လက်နက်နဲ့အလင်းဝင်

တနင်္သာရီ၊ မေ ၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်ကြပ် ကြီးစာရေးအဆင့်ရှိသူနှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ တောင်ပိုင်းညီ နောင်စစ်ကြောင်းထံက သိရပါတယ်။ အောက်ကင်းကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့အမှတ် ၅၅၇ ခြေမြန် တပ်ရင်းမှ တပ်ကြပ်ကြီးစားရေးအဆင့်ရှိတဲ့ ကိုကိုထွေးနဲ့ မြတ်စိုးဦးတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့မှာ တောင်ပိုင်းညီ နောင်စစ်ကြောင်းထံ အလင်းဝင်ခဲ့တာ…

ဒေါက်တာဇော်ဝေစိုး သေဆုံးပြီလို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်နေ

အမှန်/အမှား++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကနေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေး‌သွားမှာပါ။ ဒီကနေ့မှာတော့” NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုး စိတ်ဖိစီးမှုများပြီး အဆိပ်သောက်သေတယ်”ဆိုပြီး စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို မှိုင်းဝေ၊…