April 2024

သထုံမှာ လက်နက်ကြီးကျလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရ

သထုံ၊ ဧပြီ ၄ မွန်ပြည်နယ် သထုံမြို့နယ်ရှိ ကျေးရွာတွေထဲကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သထုံအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၉) ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ သထုံမြို့နယ်ကျေး ရွာတွေဖြစ်တဲ့ ချောင်းစောင့်၊ ထို့ကော်ကျိုးနဲ့ထုံးဘိုလေးကျေးရွာတို့ကို…

ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသားနှစ်ဦး ထောင်ပြင်ခေါ်ထုတ် သတ်ဖြတ်ခံရ

ထားဝယ်၊ ဧပြီ ၄ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို စစ်ကောင်စီ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ထောင်ပြင်ခေါ်ထုတ်ကာ ညှင်းပန်းသတ်ဖြတ်ခဲ့တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN က ထုတ်ပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသား ကိုမင်းသူနဲ့ ကိုဝင်းသီဟတို့နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အ ဆက်အသွယ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စရဖအဖွဲ့က ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ ညပိုင်းမှာ ခေါင်း…

ထီးလင်း ရေမျက်နီရွာကို စစ်တပ်မီးရှို့ဖျက်ဆီးနေ

ထီးလင်း၊ဧပြီ ၃ မကွေးတိုင်း၊ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးနေ တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ဧပြီလ ၃ ရက်နေ့မှာ စတင်မီးရှို့ဖျက်ဆီးနေတာဖြစ်ကာ လက်တလောမှာတော့ နေအိမ် ၁၅ လုံး နီးပါး မီးလောင်ကျွမ်းပျက်စီးနေတယ်လို့သိရပြီး နေ့လည် ၁ နာရီအထိ ငြိမ်းသတ်နိုင်တာ မရှိသေးဘူးလိို့သိရပါတယ်။ ကျောကပစထဲက ထွက်လာတဲ့ အင်အား ၇၀ ပါ…

လောင်းလုံးမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံး

လောင်းလုံး၊ ဧပြီ ၃ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီနေ့ ဧပြီ ၃ ရက် မနက် ၈ နာရီခွဲအချိန်ခန်မှာ စစ်ကောင်စီရဲ့ သဲပုံတောင်တပ်စခန်းကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သာယာကုန်းကျေးရွာဘက်ကို လက်နက်ကြီး ၃ လုံးထက်မနည်း…

ဆီးရီးယားအခြေစိုက် သံရုံးတိုက်ခိုက်မှု အစ္စရေးလက်ချက်လို့ အီရန် စွပ်စွဲ

တီဟီရန်၊ ဧပြီ ၃ အကြီးတန်း တပ်မှူး ၃ ဦးအပါအဝင် စစ်ဘက်ဆိုင်ရာအကြံပေးအရာရှိ ၇ ဦးသေဆုံးခဲ့တဲ့ ဆီးရီးယားအခြေခံ အီရန်သံရုံးတိုက်ခိုက်ခံရမှုဟာ အစ္စရေးရဲ့ လက်ချက်ဖြစ်တယ်လို့ အီရန် အစိုးရက စွပ်စွဲလိုက်ပါတယ်။ အစ္စရေးတိုက်လေယာဉ်တွေလို့ ထင်မှတ်ရတဲ့ တိုက်လေယာဉ်တွေဟာ အီရန်သံရုံးကိုတိုက်ခိုက် ခဲ့တဲ့အတွက် အစ္စရေးနဲ့ သူ့ရဲ့ဒေသတွင်းရန်သူတွေကြား တိုက်ခိုက်မှုအရှိန်ပိုမြင့်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဒမက်စကပ်မြို့ မီဇာဒေသရှိ သံရုံးဝင်းတစ်ခုအတွင်း အီရန်သံရုံးအဓိက…

လိင်တူလက်ထပ်ခွင့် ဥပဒေမူကြမ်း ထိုင်းအထက်လွှတ်တော်မှာ ဆွေးနွေး

ဘန်ကောက်၊ ဧပြီ ၃ ထိုင်းနိုင်ငံရဲ့ လိင်တူထိမ်းမြားခွင့် ဥပဒေကို အောက်လွှတ်တော်မှာ အတည်ပြုပြီးနောက် အထက်လွှတ်တော်မှာ အတည်ပြုရေး ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုပေးခဲ့ပါက ထိုင်းနိုင်ငံဟာ တန်းတူထိမ်းမြား လက်ထပ်ခွင့်ကို တရားဝင်အသိအမှတ်ပြုတဲ့ အရှေ့တောင်အာရှက ပထမဆုံးနိုင်ငံဖြစ်လာမှာပါ။ ထိုင်းနိုင်ငံဟာ လိင်တူစုံမက်သူတွေအပေါ် သည်းခံမှုကြောင့် နိုင်ငံတကာမှာ ဂုဏ်သတင်းကျော် ဇော်နေတာဖြစ်ပြီး ရှေးရိုးဆန်တဲ့ သဘောထားတွေနဲ့ တန်ဖိုးထားမှုတွေကြောင့်…

မူဆယ်က ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နဲ့ပေါင်းပြီး ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

မူဆယ် – ဧပြီ ၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ အခြေစိုက်လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်း ကျားဖြန့်တွေမှာ တရားမဝင်လုပ်ကိုင်နေသူတွေကို တရုတ်နဲ့ပူးပေါင်းပြီး ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တရုတ်နိုင်ငံသား ၃၅၂ ဦး ကျား – ၃၃၇ ဦး၊ မ…

စစ်အာဏာသိမ်း (၁၁၅၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၁၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၃ AAPP ရဲ့ ဧပြီ ၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၅၇) ရက်အတွင်း ပြည်သူ (၄၈၁၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၇၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ်(၁) သင်တန်းစပေး

သံဖြုဇရပ်၊ ဧပြီ ၃ ဝေဖန်မှုတွေ အများအပြားရှိနေပေမယ့် စစ်ကောင်စီဟာ မွန်ပြည်နယ်ရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)ကို သံဖြူဇရပ်မြို့နယ်က အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်းမှာ စစ်မှုထမ်းသင်တန်းစပေးနေပြီလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ စစ်မှုထမ်းအပတ်စဉ်(၁)ကို သင်္ကြန်အပြီးမှာ ခေါ်ယူမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပေမယ့် လက်တွေ့မှာတော့ ဧပြီ ၁ ရက်နေ့ကတည်းက စစ်မှုထမ်းဆောင်ရမယ့် လူငယ်လူရွယ်တွေကို သတ်မှတ်ရက်ထက်စောပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ သံလွင်တိုင်းမ်က…

ဖာပွန်မြို့တိုက်ပွဲကြောင့် ဒေသခံအများအပြား မြို့ကိုစွန့်ခွာထွက်ပြေးနေရ

ဖာပွန်၊ ဧပြီ ၃ ကရင်ပြည်နယ် ဖာပွန်မြို့တိုက်ပွဲအတွင်း မြို့ပေါ်မှာရှိ ဘာသာရေးအဆောက်အဦးနဲ့ စစ်ဘေးရှောင်နေရာတွေကို စစ်ကောင်စီတပ်က ပစ်မှတ်တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူအများပြားဟာ မြို့ကိုစွန့်ခွာပြီး အခြားနေရာဒေသတွေထံ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖာပွန်မြို့ပေါ်မှာ မတ် ၁၉ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်စခန်းအားလုံးကို ဝိုင်းရံပိတ်ဆို့လိုက်ပြီးတဲ့နောက် နှစ်ဖက်စစ်ရေးတိုက်ပွဲတွေ ပြင်းထန်လာခဲ့တာပါ။ နှစ်ဖက်စစ်ရေးတိုက်ပွဲအတွင်းမှာ…