April 2024

ရေဖြူမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

ရေဖြူ၊ ဧပြီ ၆ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ညင်းထွေးကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန် ရေးတပ်ဖွဲ့ DGRF က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က တပ်အင်အား ၂၀ နီးပါး တပ်စွဲထားတဲ့ ကျေးရွာအုပ်ချုပ်ရေးနေအိမ်ကို တော်လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့တွေက…

စစ်အာဏာသိမ်း (၁၁၆၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၅၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၆ AAPP ရဲ့ ဧပြီ ၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၆၀) ရက်အတွင်း ပြည်သူ (၄၈၅၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၈၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ကျိုက်မရောစစ်ရှောင်တွေ အစားအသောက် မလုံလောက်မှုနဲ့ ကြုံနေရ

မော်လမြိုင် ၊ ဧပြီ ၆ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မော်လမြိုင်မြို့ထံ လာရောက်တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေ အစားအသောက် မလုံလောက်မှုနဲ့ ကြုံတွေ့နေရပြီး အကူအညီတောင်းခံနေကြတယ်လို့ စစ်ရှောင်အရေး ကူအညီနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ကစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဂျိုင်းမြစ်ဒေသတွင်းရှိ ကော့ဘိန်း၊ ကော့ပေါက်၊ ဘုရားကြီး၊ ဓမ္မသ၊ သံကလောင်၊ တရနာနဲ့…

မွန်ဒေသမှာ စစ်ဆင်ရေးစတင်ဖို့ အချိန်မတန်သေးဘူးလို့ မွန်ပြည်သစ်ပါတီပြော

ကျိုက်မရော ၊ ဧပြီ ၆ နိုင်ငံရဲ့ တချို့ဒေသအများစုမှာ မြို့သိမ်းရွာသိမ်း နယ်မြေသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာဟာ အခြေ အနေနဲ့ ကိုက်ညီတယ်ဆိုရင်တောင် မွန်ဒေသမှာတော့ နေရာယူစစ်ရေးဆင်နွှဲဖို့ အချိန်မတန်သေးဘူးလို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။ ပြီးခဲ့တဲ့မတ်လကုန်ပိုင်းက စတင်ခဲ့တဲ့ ဂျိုင်းမြစ်ဒေသတိုက်ပွဲနဲ့ ဓမ္မသကျေးရွာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီက ဧပြီ ၅ ရက်နေ့ ရက်စွဲနဲ့ သဘော ထားထုတ်ပြန်လာတာပါ။…

ဂါဇာကို အကူအညီပေးရေး လမ်းကြောင်းအသစ်တွေ ဖွင့်ပေးမယ်လို့ အစ္စရေးပြော

ဂျရုစလင်၊ဧပြီ ၆ ဂါဇာကမ်းမြောင်ဒေသကို အကူအညီပစ္စည်းတွေ ပိုမိုဝင်ရောက်နိုင်ရေး လူသားချင်းစာနာ ထောက်ထားရေး လမ်းကြောင်း နှစ်ခုဖွင့်လှစ်ဖို့ ခွင့်ပြုထားတယ်လို့ အစ္စရေးက ပြောပါတယ်။ ဂါဇာမြောက်ပိုင်းရှိ အီရက်ဇ်ဂိတ်ကို စစ်ပွဲစတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ဖွင့် လှစ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ အက်ရှ်ဒေါ့ဆိပ်ကမ်းကိုလည်း လူသားချင်းစာနာထောက်ထားရေးအတွက် ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ အစ္စရေးက ဆိုထားတာပါ။ ဂျော်ဒန်နိုင်ငံက ပေးပို့မယ့် အကူအညီပစ္စည်းတွေကို ကီရမ်ရှာလွန်လမ်းကတဆင့် ဝင်ရောက်ခွင့်…

စစ်ကောင်စီကို ကုလလုံခြုံရေးကောင်စီ အရေးယူဖို့ တိုက်တွန်း

နယူးယောက်၊ဧပြီ ၆ စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်မှုတွေအဆုံးသတ်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ရေး နိုင်ငံတကာကိုယ်စားလှယ်တွေက တိုက်တွန်းခဲ့ပါတယ်။ ဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားရေးအခြေအနေကို ဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦး အလျင်အမြန်ခန့်အပ်ဖို့လည်း သံတမန်တွေက တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတဝှမ်းလက်နက်ကိုင် ပဋိပက္ခတွေကျယ်ပြန့်လာတာနဲ့အတူ လူထုရဲ့အခြေခံ လိုအပ်ချက်တွေနဲ့ မရှိမဖြစ်အသုံးပြုရမယ့် ဝန်ဆောင်မှုတွေ မရရှိဖြစ်နေတယ်လို့ နိုင်ငံရေး၊ငြိမ်းချမ်းရေး တည်ဆောက်ရေးဌာန အရှေ့အလယ်ပိုင်းအာရှနဲ့ ပစိဖိတ်ဆိုင်ရာ လက်ထောက်အတွင်းရေးမှူး ခါလစ်ခီယာရီက လုံခြုံရေးကောင်စီကို…

ဖာပွန်ဗျူဟာမကျရေး စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်နေ

ဖာပွန်၊ ဧပြီ ၆ ကရင်ပြည်နယ် ဖာပွန်မြို့တောင်ဘက်မှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ဗျူဟာစခန်းကုန်းနဲ့ တပ်ရင်းသုံးရင်းမကျရေးအတွက် စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်မှုတွေ နေ့စဉ်လုပ်ဆောင်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။ ဖာပွန်မြို့အနီးရှိ စစ်ကောင်စီလက်အောက်ခံ ခလရ ၁၉ တပ်ရင်းနဲ့ စစ်လက်နက်တပ်ရင်း ၆၄၂ တို့ကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

ဘီးလင်းမှာ ခရီးသည်ယာဉ်တစ်စီး မိုင်းဆွဲပစ်ခတ်ခံရလို့ တစ်ဦးသေဆုံး လေးဦးဒဏ်ရာရ

ဘီးလင်း၊ ဧပြီ ၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ခရီးသည်တင် ယာဉ် တစ်စီး မိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ယာဉ်နောက်လိုက်တစ်ဦး သေဆုံးပြီး ယာဉ်မောင်းအပါအဝင် ခရီးသည် လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်က မော်လမြိုင်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်းလာတဲ့ “အောင်ကျော်မိုး”ခ ရီးသည်ယာဉ်ဟာ…

တနင်္သာရီအခြေစိုက် ခမရ ၅၆၁ တပ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

တနင်္သာရီ၊ ဧပြီ ၅ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၆၁ ခြေမြန်တပ်ရင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ ခမရ ၅၆၁ တပ်ရင်းကို ဧပြီ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ဒရုန်းနဲ့ ဗုံး ၃…

စစ်မှုထမ်းဖို့ စည်းရုံးနေတဲ့ မြောက်ဥက္ကလာက အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲခံရ

ရန်ကုန်၊ဧပြီ ၅ ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ် ဋ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရ တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဧပြီလ ၅ ရက်နေ့ နေ့လည်ပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူးရုံးဟာ လူငယ်တွေကို စစ်မှုထမ်းဖို့ စည်းရုံးတာနဲ့ စာရင်းကောက်ယူတာတွေလုပ်ဆောင်နေတဲ့အတွက် အားပြင်းတဲ့ မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂…