April 2024

မွန်ပြည်ထူထောင်နိုင်တဲ့အထိ တိုက်ပွဲဝင်ဖို့ မွန်နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်း

မော်လမြိုင် ၊ ဧပြီ ၉ စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ မွန်ပြည်ထူထောင်နိုင်တဲ့အထိ တိုက်ပွဲဝင်ဖို့ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်နိုင်ငံရေးနဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ပူးပေါင်းဆောင် ရွက်ဖို့ သဘောတူညီရရှိခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ဧပြီ ၇ ရက်နေ့မှာ ကြေညာပါတယ်။ မွန်ပြည်သူတွေရဲ့ သဘောဆန္ဒကို ဦးထိပ်ထားပြီး မွန်နိုင်ငံရေးနဲ့ မွန်တော်လှန်ရေးအင်အားစုတွေ ကြား ညီညွတ်ရေးကိုရည်စူးပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်တော်လှန်ရေး…

မော်လမြိုင်မှာ စစ်ကောင်စီ လူဖမ်းပွဲပြုလုပ်နေ

မော်လမြိုင်၊ ဧပြီ ၉ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီက အတိုက်အခံအဖွဲ့အစည်းတွေ အားပေးထောက်ခံမှု စွပ်စွဲချက်နဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့တွင်းနေရာအနှံ့ ပိတ်ဆို့ရှာဖွေ စစ်ဆေးပြီး ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို လူမှုကွန်ရက်တွေကနေတဆင့် စောင့်ကြည့်ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေတာပါ။ အဲဒီထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က…

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

ရေဖြူ၊ ဧပြီ ၉ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၇ ရက်နေ့ကစလို့ တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာတွေထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင် ရောက်လာတာဖြစ်ပါတယ်။ စစ်ကြောင်းဝင်ရောက်လာတာကြောင့် နဘုလည်၊ ဝက်ချောင်း၊…

မြဝတီမြို့စောင့်တပ် လက်နက်ချဖို့ ဆက်လက်ညှိနှိုင်းနေ

မြဝတီ၊ ဧပြီ ၉ ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို လက်နက်ချဖို့အ တွက် နှစ်ဖက်ဆက်လက်ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က မြဝတီမြို့အနီးရှိ သင်္ဃန်းညီနောင်အခြေချ စစ်ကောင်စီဗျူဟာကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သင်္ဃန်းညီနောင်ဒေသတစ်ခုလုံးကို နယ် မြေစိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ သင်္ဃန်းညီနောင်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီးနောက်…

မွန်ပြည်သစ်ပါတီ AD ဒုစစ်ဦးစီးချုပ် ဂျိုင်းစစ်မြေပြင်သွားရောက်

ကျိုက်မရော ၊ ဧပြီ ၈ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး AD က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော၊ စစ်ဆင်ကြီးကြပ်ရေးအဖွဲ့မှာ ပါဝင်တဲ့ နိုင်သူရဌေးနဲ့ အဖွဲ့ဝင်တွေဟာ ဂျိုင်းမြစ်ဒေသက စစ်ရေးအခြေအနေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ပါတီက ထုတ်ပြန်ပါတယ်။ တစ်ဆက်တည်းမှာ မွန်ပြည်သစ်ပါတီ AD ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောက ဦးဆောင်ပြီး စစ်ဘေးရှောင် မီးဘေးသင့် အရပ်သားပြည်သူတွေကို…

ပြင်ဦးလွင် စစ်တက္ကသိုလ် DSA ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေး၊ဧပြီ ၈ မန္တလေးတိုင်း၊ပြင်ဦးလွင်အခြေစိုက် စစ်တက္ကသိုလ် DSA ကို မန္တလေးတိုင်း ပကဖက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။ ဒီနေ့ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အသိပေးထားတာပါ။ စစ်တက္ကသိုလ် DSA ကို…

ကမာဝက်မြို့မှာ သားအဖသုံးဦး ပစ်ခတ်ခံရလို့ နှစ်ဦးသေဆုံး

ကမာဝက် ၊ ဧပြီ ၈ မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက်မှာ သားအဖသုံးဦးကို အမည်မသိလက်နက်ကိုင်လူတစ်စု သေနတ်နဲ့ပစ်ခတ်လို့ သားအဖနှစ်ဦး သေဆုံးပြီး တစ်ဦးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ ဧပြီ ၇ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ ဆိုင်ကယ်နှစ်စီးလာတဲ့ အမည်မသိလက်နက်ကိုင် လူလေးယောက်တို့ဟာ အသက် ၅၃ နှစ်အရွယ် ဦးထိန်ဝင်း…

လက်နက်ချအညံ့မခံဘဲ ထွက်ပြေးသွားတဲ့ ခမရ ၅၆၅ ဒုတပ်ရင်းမှူးကို AA ဖမ်းဆီးရမိ

ဘူးသီးတောင်၊ ဧပြီ ၈ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် ၁၅ စစ်ဒေသကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ အမှတ် ၅၆၅ ခြေမြန်တပ်ရင်းမှ ဒုတပ်ရင်းမှူးတစ်ဦးကို လက်ရဖမ်းဆီးရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ခမရ ၅၆၅ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်ဇော်အောင်ကို ပြီးခဲ့တဲ့ ဧပြီ ၅ ရက် ညနေ…

မွန်နိုင်ငံရေး၊တော်လှန်ရေးအဖွဲ့တွေ စစ်အာဏာရှင်စနစ်ကိုအတူတကွ တိုက်ပွဲဝင်ဖို့ ပူးပေါင်းပြီ

မော်လမြိုင်၊ဧပြီ၇ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးကို အတူတကွ တိုက်ပွဲဝင်နိုင်ဖို့ နွေဦးတော်လှန်ရေး ကနေပေါက်ဖွားလာတဲ့ မွန်နိုင်ငံရေးနဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ပူးပေါင်းဖို့ သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ မွန်ပြည်သူတွေရဲ့ သဘောဆန္ဒကို ဦးထိပ်ထားပြီး မွန်နိုင်ငံရေးနဲ့ မွန်တော်လှန်ရေးအင်အားစုတွေ ကြား ညီညွတ်ရေးကို ရည်စူးပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC၊မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ တွေ့ဆုံဆွေးနွေးမှုတွေ…

မွန်ပြည်နယ်အတွင်း မဟာဗျူဟာမြောက် တိုက်ပွဲဖော်ဖို့ NRFF တိုက်တွန်း 

မော်လမြိုင်၊ဧပြီ ၇ မွန်ပြည်နယ်အတွင်းက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မဟာဗျူဟာမြောက် ချိတ်ဆက်ဆောက်ရွက်မှုကတဆင့် တိုက်ပွဲတွေဖော်ဆောင်နိုင်ရေး NMSP-AD အနေနဲ့ အား ထုတ်ကြိုးပမ်းသွားဖို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ကတိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၆ ရက်နေ့ညပိုင်းက ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က မွန်ပြည်သစ် ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ NMSP – AD ရဲ့နိုင်ငံရေးရပ်တည်ချက်ထုတ်ပြန်ချက် အပေါ် တိုက်တွန်းချက်တွေနဲ့အတူ သဘောထားထုတ်ပြန်လာတာပါ။ NMSP-AD…