April 2024

လက်နက်ချအညံ့မခံတဲ့ မြဝတီမြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ စတင်တိုက်ခိုက်

မြဝတီ၊ ဧပြီ ၁၀ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ထဲမှာ တစ်ခုထဲကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို ဧပြီ ၉ ရက် နေ့လည်ပိုင်းအချိန်ကစပြီးKNLA တော်လှန်ရေးပူး ပေါင်းအဖွဲ့က စတင်တိုက်ခိုက်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝိုင်းရံပိတ်ဆို့ထားတဲ့ မြဝတီမြို့ အခြေစိုက် စစ်ကောင်စီ ခလ ရ ၂၇၅…

လောင်းလုံးလဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

လောင်းလုံး၊ ဧပြီ ၁၀ တနင်္သာရီတိုင်း လောင်းလုံးမြို့ရှိ လူဝင်မှုကြီးကြပ်‌ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ဧပြီ ၈ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်မှာ အင်အား ၁၀ ဦးဝန်းကျင်နဲ့ လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို…

ရေး-ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေ ဆက်ကြေးကောက်နေတယ်လို့ သတင်းမှား ဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊ရေး-ထားဝယ်အမှတ် ၈ ပြည်ထောင်စုလမ်းမှာ မွန်တော်လှန်ရေးတပ်တွက ခရီးသွား ကားတွေဆီက ဆက်ကြေးကောက်နေတယ်လို့ စစ်တပ်လော်ဘီတွေက သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Saw Ba Maung နဲ့ ဟန်ငြိမ်းဦးစတဲ့…

ကျောက်ကြီးမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး

ကျောက်ကြီး၊ ဧပြီ ၉ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ဘုရားကြီးကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က ကုန်းကျောင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၃၀၇ တပ်ကနေ တိုက်ပွဲမရှိဘဲ ဘုရားကြီးကျေးရွာထဲ ၁၅၅ မမ…

နိုင်ငံရေးအကျဉ်းသား ၆ ဦး ထောင်ပြင်ထုတ် သတ်ဖြတ်ခံရ

မော်လမြိုင်၊ ဧပြီ ၉ နိုင်ငံတဝန်းက အကျဉ်းထောင်တချို့မှာ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က မတ် ၃၁ ရက်နေ့အထိ သုံးလအတွင်း နိုင်ငံရေးအကျဉ်းသား ၆ ဦး ထောင်ပြင်ထုတ် ဥပဒေမဲ့သတ်ဖြတ်ခံလိုက်ရတယ်လို့ မြန် မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အကျဉ်းဦး…

ဘီးလင်းမြို့နယ်ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရ

ဘီးလင်း၊ ဧပြီ ၉ မွန်ပြည်နယ် ဘီးလင်းမြို့ ဆရာစံရပ်ကွက်ရှိ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟာ ဒီနေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဧပြီ ၉ ရက်နေ့ မနက် ၁၀ နာရီအချိခန်ခန့်မှာ မြို့နယ်ထွေအုပ်ရုံးကို တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၃ ချပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ရုံးအဆောက်အဦးပေါ်တည့်တည့် ကျရောက်…

တောင်တရုတ်ပင်လယ်အရေးကြောင့် တတိယကမ္ဘာစစ် စတင်နိုင်တယ်လို့ ကျွမ်းကျင်သူသုံးသပ်

မနီလာ၊ ဧပြီ ၉ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွေကြောင့် တင်းမာမှုတွေပိုမိုမြင့်တက်လာတဲ့နဲ့အတူ တရုတ်က ဖိလစ်ပိုင်ကို ပြောင်းလဲ အာရုံစိုက်မှု ပိုများလာချိန် တောင်တရုတ်ပင်လယ်မှာ တတိယကမ္ဘာစစ် စတင်ဖြစ်ပွားနိုင်တယ်လို့ တရုတ်အရေးကျွမ်းကျင်သူက သတိပေးလိုက်ပါတယ်။ ဖိလစ်ပိုင်နဲ့ မိမိတို့မှာ နှစ်ဖက်ကာကွယ်ရေး သဘောတူညီမှုရှိနေပေမယ့် တရုတ်က လေးစားမှု မရှိဘူးလို့ Gatestone Institute အဖွဲ့ဝင် တရုတ်အရေးကျွမ်းကျင်သူ ဂေါ်ဒန်ရှန်းက ပြောခဲ့ပါတယ်။ အမေရိကန်-ဖိလစ်ပိုင်…

နျူကလီးယားစက်ရုံတိုက်ခိုက်မှု ယူကရိန်းနဲ့ ရုရှားတို့ကို ကုလသတိပေး

ဗီယင်နာ၊ ဧပြီ ၉ ယူကရိန်းနိုင်ငံက ဇာပိုရီဇဟီယာ နျူကလီးယား စွမ်းအင်စက်ရုံကိုဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ နျူကလီးယားဆိုင်ရာ ဘေးအန္တရာယ်တစ်ခုဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ကုလသမဂ္ဂအဏုမြူစွမ်းအင် အေဂျင်စီက သတိပေးလိုက်ပါတယ်။ လူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ ယူကရိန်းပါဝင်နေတယ်လို့ ရုရှားက စွပ်စွဲထားသလို ယူကရိန်းကတော့ သူတို့ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထား ပါတယ်။ ရုရှားထိန်းချုပ်ထားတဲ့ နျူကလီးယားစက်ရုံမှာ ဓာတ်ပေါင်းဖို ၆ ခုရှိပြီး စစ်ပွဲရဲ့ ရှေ့တန်းနေရာမှာ…

ဟုမ္မလင်းတိုက်ပွဲမှာ ပျူစောထီးတပ်ဖွဲ့ဝင် ၁၂၀ နီးပါး လက်နက်ချ အညံ့ခံ

ဟုမ္မလင်း၊ ဧပြီ ၈ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ ကျွန်းကုန်းအခြေပြု ကျေးရွာလေးရွာမှ ပျူစောထီး ၁၂၀ နီးပါး လက်နက်ချ အညံ့ခံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ ကျွန်းကုန်းအခြေပြု ကျေးရွာတွေဖြစ်တဲ့ ကျွန်းကုန်းရွာ၊ သောင်သွတ်ရွာ၊ အင်းကြင်းမော်ရွာနဲ့ မနော်သာရွာမှ ပျူစောထီးအင်အား ၁၂၀ နီးပါးဟာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့်…

စစ်အာဏာသိမ်း (၁၁၆၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၆၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၉ AAPP ရဲ့ ဧပြီ ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၆၃) ရက်အတွင်း ပြည်သူ (၄၈၆၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၉၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…