April 2024

သံကလောင် ကျောင်းထိုင်ဆရာတော်ကို တော်လှန်ရေးတပ်တွေပစ်သတ်တာလို့ စစ်တပ် သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို KNU/PDF ပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားတာဖြစ်တယ်လို့ စစ်တပ်က သတင်းမှား ဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို နန်းငယ်နဲ့ ဟန်ငြိမ်းဦးစတဲ့ စစ်အုပ်စုဝါဒဖြန့် ချန်နယ်တွေနဲ့ စစ်တပ်လိုဂိုအသုံးပြု…

မြဝတီမြို့သို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ခံထားရ

မြဝတီ၊ ဧပြီ ၁၈ ကရင်ပြည်နယ် မြဝတီမြို့သို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော် KNLA ဦးဆောင်ပြီး ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားတယ်လို့ KNU ဗဟိုက ဧပြီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မြဝတီမြို့မှာ နောက်ဆုံး ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းကို ပြီးခဲ့တဲ့…

ရေးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

ရေး၊ ဧပြီ ၁၈ မွန်ပြည်နယ် ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် ခလရ ၂၉၉ တပ်ရင်းနဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ တော်လှန် ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ ခလရ…

တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး KNU ထံ လက်နက်ချအညံ့ခံ

ထားဝယ်၊ ဧပြီ ၁၈ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ဘိတ်−ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီရဲ့ ခလရ ၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ KNU ဗဟိုက ဧပြီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ခလရ ၁၀၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်တွေဟာ သူတို့တပ်စခန်းကနေ စွန့်ခွာပြီး…

စစ်ကောင်စီက အကျဉ်းသား ၃၃၀၃ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၈ ဦးတို့ကို လွတ်ငြိမ်းသက် သာခွင့်ပြု

မော်လမြိုင်၊ဧပြီ ၁၇ အာဏာသိမ်းစစ်ကောင်စီက မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၃၃၀၃ ဦးနဲ့ နိုင်ငံခြားအကျဉ်းသား ၈ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်အပေါ် ခြောက်ပုံတစ် ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာပါ။…

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်မပို့ဖို့ ထိုင်းလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ တိုက်တွန်း

မော်လမြိုင်၊ဧပြီ ၁၆ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်မပို့ရေး ထိုင်းလူ့အခွင့်အရေး အဖွဲ့တွေနဲ့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်အပြင် လွှတ်တော်က တောင်းဆိုလိုက်ပါ တယ်။ လွန်ခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က ထိုင်းနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းက အသက် ၅ နှစ်ကနေ ၁၇ နှစ်အရွယ် မြန်မာကလေး ၁၉ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ လူမှု ဖူလုံရေး အရာရှိတွေက သူတို့ရဲ့…

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ပြန်လွတ်လာ

မော်လမြိုင် ၊ ဧပြီ ၁၅ ၅ ရက်ကြာ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးဟာ ဒီနေ့ ဧပြီ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီလို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။ ဒေါက်တာအောင်နိုင်ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က ကျိုက်မရောမြိုနယ် ဂျိုင်းမြစ်ဒေသတွင်းရှိ စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ…

သံကလောင်ရွာ ကျောင်းထိုင်ဆရာတော် စစ်ကောင်စီတပ် ပစ်ခတ်လို့ပျံလွန်

ကျိုက်မရော ၊ ဧပြီ ၁၄ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ဒေသရှိ သံကလောင်ကျေး ရွာက ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ ဧပြီ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ ကျောင်း ထိုင်ဆရာတော်ဟာ ဒါယကာတစ်ဦးနဲ့အတူ ကျောင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့ ကားနဲ့ ထွက်လာရင်း တရနာရွာပြင်…

မန္တလေးမြို့တော်ဝန်မဏ္ဍပ်ဗုံးကွဲ၊ သုံးဦးသေဆုံး

မန္တလေး၊ ဧပြီ၁၄ မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်က မန္တလေးမြို့တော်ဝန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုကြောင့် သုံးဦးသေဆုံးပြီး ဆယ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ဧပြီလ ၁၄ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ၃ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မန္တလေးမြို့တော်ဝန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုဟာ ဒီနှစ်…

အချုပ်အချာအာဏာ ချိုးဖောက်မှု လက်ခံမှာမဟုတ်ဘူးလို့ ထိုင်းအစိုးရ သတိပေး

ဘန်ကောက်၊ဧပြီ ၁၄ မြန်မာနယ်စပ်မှာရက်အတော်ကြာ တိုက်ပွဲဖြစ်ပြီးနောက် နယ်စပ်ဒေသကို သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာမျိုး လက်ခံမှာမဟုတ်ဘူးလို့ ဧပြီ ၁၂ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ တော်လှန်ရေးတပ်တွေက ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက် ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့တပ်ရင်းကနေ ဆုတ်ခွာပြီး နယ်စပ်မှာ အခြေချနေထိုင်နေတာပါ။ လက်ရှိမှာတော့ လက်နက်ကြီးနဲ့ သေနတ်ပစ်သံတွေကို ထိုင်းနယ်စပ်ကနေ…