အခွန်ကောက်ခံမှုမှာ ပြည်သူတွေဝန်ထုပ်ဝန်ပိုးမဖြစ်အောင်ဂရုစိုက်ဖို့ NUG ဝန်ကြီးချုပ်ပြော
မော်လမြိုင်၊ဧပြီ ၁၉ အခွန်ကောက်ခံမှုလုပ်ငန်းတွေအနေနဲ့ ပြည်သူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ အထူးသတိ ပြုဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် ၁၅/၂၀၂၄ မှာ အခုလိုပြောခဲ့တာပါ။ “မြို့နယ်အဆင့်မှာ တာဝန်ယူထားရတဲ့သူတွေဆိုရင် ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေ ကြရတာမို့ အထူးသတိထားကြဖို့လိုမှာဖြစ်ပါကြောင်း၊ပြည်သူကို…