ကျိုက်မရော၊ ဧပြီ ၂၅
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့စွယ်ကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေ သခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ ည ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ ကော့စွယ်ကျေး ရွာထဲကို လက်နက်ကြီး ၃ လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၇ နှစ်အရွယ် အမျိူးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံပြည်သူနှစ်ဦးဟာ မော်လမြိုင်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့မတ်လနောက်ဆုံးအပတ်ကစပြီး ဂျိုင်းမြစ်ဒေသ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ ကျူးလွန်နေတာပါ။
စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကလည်း သံကလောင်ရွာ ကျောင်းထိုင်ဆရာတော် ဦးဝါယမကို အကြောင်းမဲ့သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ပျံလွန်ခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဂျိုင်းမြစ်ဒေသရှိ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူလူထု တစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင် စီရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ