မော်လမြိုင်၊ဧပြီ ၂၁

အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်နယ်မှာ လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခအရှိန်မြင့်တက် လာစေဖို့ လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထား ပါတယ်။

ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို အဓမ္မစစ်သားအဖြစ် စုဆောင်းပြီး စစ်သင်တန်းပို့ချကာ လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ လက်နက်တပ်ဆင်ပေးနေတယ်လို့ ဆိုထား တာပါ။

စစ်တပ်ကို တော်လှန်တိုက်ပွဲဝင်နေတဲ့ ရက္ခိုင့်တပ်တော် AA ကို ရိုဟင်ဂျာတွေက ဆန့်ကျင်နေ တယ်လို့ ထင်မှတ်မှားစေတဲ့ ဖိအားပေးစေခိုင်မှုတွေနဲ့အတူ အတုအယောင်ဆန္ဒပြပွဲတွေ ကျင်းပ စေကာ လူမျိုးရေပဋိပက္ခအရှိန်မြင့်တက်လာစေဖို့ ယုတ်မာကောက်ကျစ်တဲ့ အကြံဆိုးနဲ့ ဆောင် ရွက်မှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရှိရတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဘူးသီတောင်မြို့အတွင်းမှာ စစ်တပ်ကဦးဆောင်ပြီး အရပ်သားပြည်သူတွေရဲ့ နေအိမ် အဆောက်အအုံတွေ၊နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့အစည်း တွေရဲ့ ရုံးအဆောက်အအုံတွေကို မီးရှို့တာ၊ဖြိုချတာနဲ့ အကြမ်းဖက်မှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်တာတွေရှိတယ်လို့ အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နေမှုကို ဖျက်လို ဖျက်ဆီးပြုလုပ်နေကြတဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ NUG က ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့ လူမျိုးရေး၊ဘာသာရေးပဋိပက္ခဖြစ်စေဖို့ ပြုလုပ်နေတဲ့ နိုင်ငံ ရေးလှည့်ကွက်တွေကို လူမျိုးစုအချင်းချင်းကြား ယုံကြည်မှု၊အပြန်အလှန်လေးစားမှု၊ သည်းခံ မှုတို့နဲ့ သတိထားကျော်ဖြတ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.