Members of the Security Council vote on a resolution regarding Palestinian U.N. membership during a Security Council at U.N. headquarters in New York City, New York, U.S., April 18, 2024. REUTERS/Eduardo Munoz

ဝါရှင်တန်၊ဧပြီ ၂၀

ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုကို ထောက်ခံပေးမယ့် လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံက ဧပြီ ၁၈ ရက်နေ့မှာ ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ တယ်လို့ သိရပါတယ်။

နိုင်ငံတည်ထောင်ခွင့်အတွက် အမေရိကန်နဲ့ လက်တွဲဖော် နိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့အတူ အစ္စရေး နဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကြား တိုက်ရိုက်ဆွေးနွေးပြီး ကြိုးပမ်းသင့်တယ်လို့ အမေရိကန်က ရှုမြင်ထားဆဲဖြစ်တယ်လို့ ကန်သံအမတ် ရောဘတ်ဝုဒ့်က ဆိုခဲ့တာပါ။

ပါလက်စတိုင်းဟာ နိုင်ငံတစ်နိုင်ငံအနေနဲ့ သတ်မှတ်ခံရဖို့ လိုအပ်ချက်တွေပြည့်မှီနေပြီလားဆိုတဲ့ မေးခွန်းလို မဖြေရှင်းရသေးတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေသေးတယ်လို့ သူက ပြောပါတယ်။

နိုင်ငံထူထောင်ဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရေး မိမိတို့အနေနဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို တိုက်တွန်းနေတာ ကြာပြီဖြစ်တယ်လို့ ရောဘတ်ဝုဒ်က ဆိုပါတယ်။

အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ ဟားမာ့စ်ဟာ ဂါဇာမှာ အာဏာရယူထားဆဲဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ တည်ထောင်ဖို့ အဓိကအတားအဆီးဖြစ်နေတယ်လို့ အမေရိကန်က အသိပေးထားပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြပြီး ဆွစ်ဇာလန်နဲ့ ဗြိတိန်တို့ မဲမပေးခဲ့ကြဘဲ အမေရိကန်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့တာပါ။

ဗြိတိန်သံအမတ်ကြီးက အစ္စရေး-ပါလက်စတိုင်း နှစ်ပြည်ထောင်ဖြေရှင်းရေးကို ထောက်ခံပေ မယ့် ပါလက်စတိုင်းအနေနဲ့ နိုင်ငံအဖြစ်ထွက်ပေါ်လာရေးယုံကြည်ရတဲ့ နောက်ပြန်မလှည့်တဲ့ လုပ်ရပ်မျိုး ပြသဖို့လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဆွစ်ဇာလန်ကိုယ်စားလှယ်ကတော့ ငြိမ်းချမ်းရေးရမှပဲ ပါလက်စတိုင်းရဲ့ ရာနှုန်းပြည့် အဖွဲ့ဝင်ဖြစ်မှုကို စဉ်းစားသင့်တယ်လို့ အသိပေးခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ခွင့်ဟာ လုံခြုံရေးကောင်စီမှာ အစပြုပြီးတော့ ကောင်စီက ထောက်ခံရင် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး နိုင်ငံသစ်တစ်နိုင်ငံ အနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်အားလုံးရဲ့ သုံးပုံနှစ်ပုံက ထောက်ခံအသိအမှတ်ပြုဖို့လိုတယ်လို့ သိရပါတယ်။

Ref:VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.