မင်္ဂလာပါရှင်

 သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို KNU/PDF ပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားတာဖြစ်တယ်လို့ စစ်တပ်က သတင်းမှား ဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို နန်းငယ်နဲ့ ဟန်ငြိမ်းဦးစတဲ့ စစ်အုပ်စုဝါဒဖြန့် ချန်နယ်တွေနဲ့ စစ်တပ်လိုဂိုအသုံးပြု ထားတဲ့ အကောင့်တုတွေက ဧပြီလ ၁၄ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာ ဂျိုင်းမြစ်ဒေသရှိ သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး လွတ်လပ်သော သတင်းဌာနတွေနဲ့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ် သတင်းဌာနက ဧပြီလ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ ကျောင်းထိုင်ဆရာတော်ဟာ ဒါယိကာတစ်ဦးနဲ့အတူ ကျောင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ ကားနဲ့ထွက်လာရင်း တရနာရွာပြင်ကျွန်းကုန်းအရောက်မှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောပြချက်ကိုကိုးကားပြီး ဖော်ပြထားပါတယ်။

သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်ဟာ ဒါယိကာတစ်ဦးနဲ့အတူ ကားနဲ့ ကျောင်းမှ ထွက်လာစဉ် တရနာ ကျေးရွာအဝင် ကျွန်းကုန်းနေရာအရောက်မှာ စစ်ကောင်စီတပ်က သေနတ် နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ Dawei Watch သတင်းဌာနက ဖော်ပြထားပါတယ်။ 

သံလွင်တိုင်းမ်သတင်းဌာန ဖော်ပြထားတဲ့ သတင်း

https://m.facebook.com/story.php?story_fbid=pfbid0wswb2jtTHz6ZFN245WqiSU4RWiagJ387m9UmvowsMvWovdCNNFGPHZi47FWuiBV5l&id=100077424451291&mibextid=Nif5oz

Dawei Watch သတင်းဌာန ဖော်ပြထားတဲ့ သတင်း

https://m.facebook.com/story.php?story_fbid=pfbid0pDZnQ5sVm6MBUJdxcLHQvhhHC8wTY27JjHLWUqZWEwBLA3K3HVTeQ51Q1Fxbyuw9l&id=100068080729972&mibextid=Nif5oz

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.