မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် ရှားတောကျေးရွာက ဒေသခံငါးဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် PDF တွေဖြစ်တယ်လို့ စစ်ကောင်စီတပ်ဝါဒဖြန့်မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ် ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို Snow Queen နဲ့ ဟန်ငြိမ်းဦးစတဲ့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေနဲ့ စစ်အုပ်စု့ ပရိုဖိုင်နဲ့ အကောင့်တုတွေမှာ ဧပြီလ ၁၇ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် ရှားတောကျေးရွာကို စစ်ကောင်စီက ဧပြီလ ၆ ရက်နေ့ ညပိုင်းမှာ စီးနင်းဝင်ရောက်ပြီးနောက် ပြည်သူတွေရဲ့ နေအိမ်တွေကို လုယက်တာတွေလုပ်ခဲ့သလို နေအိမ် ၂၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၉ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ လွတ်လပ်တဲ့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့တဲ့ ရှားတောရွာခံ ကိုးဦးကို သတ်ဖြတ်ခဲ့ပြီး အဲဒီထဲမှာ အသက် ၉၀ ကျော် အမျိုးသားနဲ့ အသက် ၈၀ ကျော်အမျိုးသမီးတစ်ဦးပါဝင်ပြီး တခြားသူတွေဟာ အသက် ၅၀ ကျော်အရွယ်တွေဖြစ်တယ်လို့ MFP သတင်းဌာနမှာဖော်ပြထားပါတယ်။

ရှားတောကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီးနောက် ရွာသူရွာသားတွေကို ထွက်ပြေးဖို့ အခြေအနေမပေးခဲ့ဘဲ ဖမ်းဆီးသတ်ဖြတ်တာတွေရှိခဲ့တယ်လို့ Myanmar Now သတင်းဌာနမှာဖော်ပြထားပါတယ်။ 

Mandalay free press -MFP သတင်းဌာနကဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid027gpEtG6yyYxSzssVzkBgRdapHWhARV14Ytd4a9Nqi59APL9uSs6cyv6X1zG2Jcbxl&id=100070473873342&mibextid=Nif5oz&_rdc=1&_rdr

Myanmar Now သတင်းဌာန ဖော်ပြထားတဲ့ သတင်း

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.