April 13, 2024

ရွှေဘိုမှာစစ်ကောင်စီက အရပ်သားတွေကိုသတ်ဖြတ်ပြီး PDF လို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် ရှားတောကျေးရွာက ဒေသခံငါးဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် PDF တွေဖြစ်တယ်လို့ စစ်ကောင်စီတပ်ဝါဒဖြန့်မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ် ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Snow Queen နဲ့ ဟန်ငြိမ်းဦးစတဲ့ စစ်ကောင်စီဝါဒဖြန့်…

မောင်တောမြို့ရှိ ကြိမ်ချောင်းဗျူဟာကို AA အပြီးသတ်သိမ်းပိုက်

မောင်တော၊ ဧပြီ ၁၃ ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ကြိမ်ချောင်းဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော် AA က ဧပြီ ၁၂ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ကြိမ်ချောင်းဗျူဟာစခန်းကြီးကို ရက္ခိုင့်တပ်တော် AA က လနဲ့ချီ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးနောက် မတ် ၂၃ ရက်နေ့စကလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၁၂ ရက်နေ့မှာ…

ရေးတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ရေး၊ ဧပြီ ၁၃ မွန်ပြည်နယ် ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၉၉ ခြေလျင်တပ်ရင်း ဝင်ရောက်တိုက်ခိုက်မှုမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့က ခလရ ၂၉၉ တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် မနက် ၄…

ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီဥက္ကဌ သေနတ်နဲ့ပစ်ခတ်ခံရလို့သေဆုံး

ပေါင်၊ ဧပြီ ၁၃ မွန်ပြည်နယ် ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ နိုင်ဘထောက်ဟာ ဒီနေ့ ဧပြီ ၁၃ ရက်နေ့ မ နက် ၆ နာရီခွဲအချိန်ခန့်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပေါင်မြို့နယ် သဗြုချောင်ကျေးရွာနေ အသက် ၇၈ နှစ်အရွယ် နိုင်ဘထောက်ကို ဆိုင်ကယ်နှစ်စီးလာတဲ့ လူငယ်…