April 12, 2024

အမေရိကန် လက်နက်ကုမ္ပဏီနှစ်ခုကို တရုတ် ပိတ်ဆို့အရေးယူ

ဘေဂျင်း၊ဧပြီ ၁၃ ထိုင်ဝမ်ကိုလက်နက်ရောင်းချရေး ကူညီပေးနေတယ်ဆိုတဲ့ အမေရိကန်ကာကွယ်ရေး ကုမ္ပဏီနှစ်ခုကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံက ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ General Atomics Aeronautical Systemsနဲ့ General Dynamics Land Systems တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တရုတ်က သိမ်းဆည်းသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် အဲဒီကုမ္ပဏတွေရဲ့ စီမံခန့်ခွဲရေးအဖွဲ့တွေကိုလည်း တရုတ်နိုင်ငံကို ဝင်ရောက်ခွင့်ပိတ်ပင် သွားမှာဖြစ်တယ်လို့…

ဗီယက်နမ်မှာ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦး လိမ်လည်မှုနဲ့ သေဒဏ်ချမှတ်ခံရ

ဟိုချီမင်၊ဧပြီ ၁၃ ဗီယက်နမ်မှာ အကြီးမားဆုံးလိမ်လည်မှုအဖြစ် ဒေါင် ၃၀၄ ထရီလီယံ(ဒေါ်လာ ၁၂ ဒသမ ၄၆) ဘီလျံလိမ်လည်မှုနဲ့ ဗီယက်နမ် အိမ်ခြံမြေ သူဌေးကြီးတစ်ဦး ဧပြီ ၁၁ ရက်နေ့မှာ သေဒဏ်ချမှတ် ခံလိုက်ရတယ်လို့ သိရပါတယ်။ အိမ်ခြံမြေဆောက်လုပ်ရေး Van Thinh Phat Holdings Group ကုမ္ပဏီရဲ့ အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်သူ…

စစ်အာဏာသိမ်း (၁၁၆၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၈၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၁၃ AAPP ရဲ့ ဧပြီ ၁၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၆၇) ရက်အတွင်း ပြည်သူ (၄၈၈၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၂၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာနိုင်ငံမှာ အာဏာသိမ်းသုံးနှစ်အတွင်း ဆင်းရဲမွဲတေမှု နှစ်ဆနီးပါးတိုးလာ

မော်လမြိုင် ၊ ဧပြီ ၁၃ တိုင်းပြည်မတည်ငြိမ်တွေကြောင့် မြန်မာနိုင်ငံဟာ စစ်တပ်အာဏာမသိမ်းခင်ကာလထက် ဆင်းရဲမွဲတေမှု နှစ်ဆနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP က ဧပြီ ၁၁ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။ UNDP ရဲ့ အစီရင်ခံစာအရ အာဏာမသိမ်းခင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဆင်းရဲမွဲတေမှုအနေနဲ့ ၂၄ ဒဿမ ၈ ရာခိုင်နှုန်း…

သင်္ကြန်ကာလ စစ်ကောင်စီရှိတဲ့နေရာတွေမှာ အနီးကပ်သွားလာတာ မလုပ်ဖို့ မွန်တော်လှန်ရေးအဖွဲ့တွေ သတိပေး

မော်လမြိုင် ၊ ဧပြီ ၁၃ သင်္ကြန်ကာလအတွင်း မွန်ပြည်နယ်အတွင်းရှိ မွန်ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောက်တိုင်တွေ ရှိတဲ့နေရာတွေမှာ အနီးကပ်သွားလာတာ မလုပ်ဖို့ ဒေသအခြေစိုက်တော်လှန်‌ရေးအဖွဲ့တွေက သတိပေးလာပါတယ်။ စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံအနှံ့တိုက်ပွဲတွေ အရှိန်အဟုန်မြင့်တက်လာမှုနဲ့အတူ မွန်ပြည်နယ်မှာလည်း ဂျိုင်းမြစ်ဒေသအတွင်း စစ်မျက်နှာပြင်ဖြစ်လာပြီး ကျန်တဲ့ မြို့နယ်တွေနဲ့ ကျေးရွာဒေသတချို့မှာလည်း နှစ်ဘက်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလာနေတာပါ။ ဒါပေမယ့် စစ်ကောင်စီကတော့ တိုင်းပြည်ကို…

ရေးအခြေစိုက် ခလရ ၂၉၉ တပ်ရင်းကို တော်လှန်ရေးတပ်တွေဝင်တိုက်

ရေး၊ ဧပြီ ၁၃ မွန်ပြည်နယ် ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်၂၉၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရေးအခြေစိုက် ခလရ ၂၉၉ တပ်ရင်းကို ဧပြီ ၁၂ ရက်နေ့ မနက်အစောပိုင်းကစပြီး တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ခလရ ၂၉၉…

ပလမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

ပုလော၊ ဧပြီ ၁၃ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။ ဧပြီ ၁၁ ရက် ညနေ ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ ပလမြို့မရဲစခန်းကို ပုလောပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ T2 Special Drone Force…

မန္တလေးမှာ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

မန္တလေး၊ဧပြီ ၁၂ မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်မှာ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ ရသူတွေဟာ မိသားစုဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာဖော်ပြထားပါ တယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ ညပိုင်းက အသတ်ခံရတဲ့မိသားစုဝင်တွေကို ဆွေမျိုးတွေက ဖုန်းနဲ့ ဆက်သွယ်လို့မရတာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားပြီး သော့ဖျက်ဝင်ရောက်ချိန်မှာ သေဆုံးနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ သတ်ဖြတ်ခံခဲ့ရသူတွေဟာ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အောင်သပြေရပ် ၁၀ လမ်း/…