ပခုက္ကူ၊ဧပြီ ၁၀

မကွေးတိုင်း၊ပခုက္ကူအခြေစိုက် စစ်ကောင်စီ ခလရ ၂၅၂ တပ်က စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ ရေစကြို Southern YSO PDF အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့မနက်ပိုင်းက အသက် ၂၀ အရွယ်တပ်သား အောင်ဆန်းလင်းနဲ့ အသက် ၁၈ နှစ်အရွယ် တပ်သား အောင်သက်ပိုင်တို့ဖြစ်တယ်လို့ အသိပေးထားပါတယ်။

သူတို့နဲ့အတူ MA-1 ၁လက်၊ကျည်ဘောက်တစ်ခု၊5.56 ကျည် ၂၅ တောင့်ယူဆောင်လာတဲ့ အတွက် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၆၀ ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကို ပို့ဆောင်ပေး ထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရေစကြိုမြို့နယ်အခြေစိုက် Southern YSO PDF အဖွဲ့ထံကို လက်နက်နဲ့တကွအလင်းဝင်ရောက် လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးနဲ့ ရဲ ၂ ဦး စုစုပေါင်း ၄ ဦးအထိရှိနေပြီဖြစ်တယ်လို့ သိရပါ တယ်။ 

နောက်ထပ်လည်း လက်နက်နဲ့ အလင်းဝင်ရောက်လာမယ့်စစ်ကောင်စီတပ်သားတွေရှိနေသေးပေ မယ့် ငွေကြေးအခက်အခဲတွေကြောင့် မခေါ်ဆောင်နိုင်သေးလို့ ပြည်သူတွေအနေနဲ့ Southern YSO PDF အဖွဲ့ကို အားဖြည့်ကူညီပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ သောင်းနီးပါးအထိရှိနေပြီဖြစ်တယ်လို့ NUG အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Southern YSO PDF 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.