ဘန်ကောက်၊ဧပြီ ၁၀
မြန်မာအာဏာသိမ်းစစ်တပ်ဟာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်အားချိနဲ့လာ တာကြောင့် ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ဖို့ အချိန်ကျရောက်နေပြီလို့ ထိုင်းဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က ပြောပါတယ်။
စစ်ကောင်စီဟာ စစ်မျက်နှာတွေအများကြီးဖွင့်လှစ်ထားရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဆီ နယ်မြေတွေအများကြီး လက်လွှတ်ဆုံးရှုံးထားရပါတယ်။
ဝန်ကြီးချုပ် ဆရီထာက အင်အားချိနဲ့လာတဲ့ စစ်ကောင်စီမှာ အာဏာနဲ့လက်နက်ရှိတယ်ဆိုပေ မယ့် သဘောတူညီမှုတစ်ရပ် ရယူဖို့ အချိန်ကျရောက်ပြီလို့ ရိုက်တာသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ စဉ် ပြောဆိုခဲ့တာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာပဋိပက္ခအတွင်း ထိုင်းနိုင်ငံအနေနဲ့ ကြားနေပြီး ထွက်ပြေးလာသူ တစ်သိန်းအထိ လက်ခံနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အရှိန်မြင့်တက်လာနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးများအဖွဲ့အစည်း အဝေးကျင်းပဖို့ရှိနေပြီး လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့လည်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီက တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့အခြေအနေက ထိုင်းနိုင်ငံအတွက် အရေးကြီးသလို ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မိမိတို့အစိုးရအနေနဲ့ အသင့် ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်က အသိပေးထားပါတယ်။
ထိုင်းအရာရှိတွေက အမေရိကန်၊တရုတ်၊နိုင်ငံတကာအစိုးရတွေ၊မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အားလုံးနဲ့အပြန်အလှန်ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။
Ref: Bangkokpost/ Reuters