မန္တလေး၊ဧပြီ ၈
မန္တလေးတိုင်း၊ပြင်ဦးလွင်အခြေစိုက် စစ်တက္ကသိုလ် DSA ကို မန္တလေးတိုင်း ပကဖက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။
ဒီနေ့ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အသိပေးထားတာပါ။
စစ်တက္ကသိုလ် DSA ကို ပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံးတွေဟာ စစ်ကောင်စီတပ်သားတွေနေထိုင်တဲ့ အဆောင်အနီးကို ၄ လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ထားတာမတွေ့ရသေးဘဲ သံလွင်တိုင်းမ်အနေနဲ့ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ တော့မရခဲ့ပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOD