April 6, 2024

ရုရှားစစ်လေယာဉ် ၆ စီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်း ပြော

ကိဗ်၊ ဧပြီ ၇ ရုရှားတောင်ပိုင်းရှိ ပစ်မှတ်တွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ရော့စတော့ဗ်ဒေသ အခြေစိုက် ရုရှားလေတပ်စခန်းက လေယာဉ် ၆ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် အခြေစိုက်စခန်းက စစ်မှုထမ်း ၂၀ ဝန်းကျင် ထိခိုက်သေဆုံးတာ တွေရှိခဲ့ပြီး နောက်ထပ်လေယာဉ် ၈ စီး ဆိုးဆိုးရွားရွားပျက်စီးသွားတယ်လို့ ယူကရိန်းစစ်တပ်က ဆိုထားတာပါ။…

စစ်ကောင်စီထံ လေယာဉ်ဆီမပို့ဖို့ နိုင်ငံတကာအစိုးရတွေကို ကုလ တောင်းဆို

ဂျီနီဗာ၊ ဧပြီ ၇ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီအား ဖိအားပေးဖို့ အစီစဉ်တွေကို ကုလသမဂ္ဂထိပ်သီးလူ့အခွင့်အရေးအဖွဲ့က ဧပြီ ၄ ရက်နေ့မှာ သဘောတူလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကလေယာဉ်အသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့အတွက် လေယာဉ်ဆီတင်ပို့မှုနဲ့ ရောင်းချမှုတွေ မလုပ်ကြဖို့ အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက နိုင်ငံတကာအစိုးရအဖွဲ့တွေကို တိုက်တွန်းခဲ့တာပါ။ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံကို တရားမဝင်လက်နက်၊ခဲယမ်းမီးကျောက်တွေနဲ့ တခြားစစ်သုံးပစ္စည်းတွေ…

အင်အား ၆၀၀ ကျော်ရှိတဲ့ သင်္ဃန်းညီနောင်စစ်ဗျူဟာ လက်နက်ချအညံ့ခံ

မြဝတီ၊ ဧပြီ ၆ ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းသိမ်းတိုက်ပွဲမှာ အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချ အညံ့ခံခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၅ ရက်နေ့ မနက်…

မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှစ်ဆနီးပါးတိုးလာ

မော်လမြိုင်၊ ဧပြီ ၆ နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းသုံးနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတက်တဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှစ်ဆနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့အချက်အလက်တွေအရ သိရပါတယ်။ စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု အရေ အတွက် ၂၅၂ ဦးသာ ရှိခဲ့ပေမယ့် အာဏာသိမ်းသုံးနှစ်အတွင်း ၁၇၂၆ ဦးအထိ…

အမေရိကန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံစဉ် ဘာတွေဆွေးနွေးခဲ့လဲ

ရန်ကုန် ၊ ဧပြီ ၇ စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ K3C နဲ့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရက်ချောလက်တို့ဟာ ပြီးခဲ့တဲ့မတ်လနှောင်းပိုင်းမှာ ပထမဆုံးအ ကြိမ်တွေ့ဆုံခဲ့တာပါ။ K3C လို့ အမည်ပေးထားတဲ့အဖွဲ့ထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ ပါဝင်ပါတယ်။…

မော်လမြိုင်လေဆိပ်စီမံကိန်းလာတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရ

မော်လမြိုင် ၊ ဧပြီ ၇ မွန်ပြည်နယ် မော်လမြိုင်မြို့ အနီးရှိ မုဒုံမြို့နယ် ကော့ပရံကျေးရွာမှာ တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ လေဆိပ်စီမံကိန်း လာရောက်စစ်ဆေးတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနဲ့…

ကော့ကရိတ်မှာ တော်လှန်ရေးအဖွဲ့တွေ ပေါ်တာဆွဲနေတယ်လို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ တော်လှန်ရေးအဖွဲ့တွေက ပြည်သူတွေကို ပေါ်တာဆွဲနေ တယ်လို့ စစ်တပ်လော်ဘီတွေက သတင်းမှားဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီအကြောင်းကို Ye Ba Nyein၊Kyaw Swar၊Truth Media၊မှိုင်းဝေနဲ့…

မြဝတီမြို့တပ်ရင်းဌာနချုပ်ကို KNLA ပူးပေါင်းအဖွဲ့သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီလက်နက်ချ အညံ့ခံ

မြဝတီ၊ ဧပြီ ၆ ကရင်ပြည်နယ် မြဝတီမြို့ရှိ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို KNLA ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားဝင် ရာချီ လက်နက်ချအညံ့ခံခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ အခြေစိုက် ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို ဧပြီ ၅ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

မြန်မာနိုင်ငံမှာ စစ်ရှောင်ဒုက္ခသည် စံချိန်တင်မြင့်တက်လာ

မော်လမြိုင်၊ ဧပြီ ၆ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ရှောင်ဒုက္ခသည် စံချိန်တင်မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဧပြီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရတဲ့ စစ်ရှောင်ဒုက္ခသည် ၂ ဒသမ ၅ သန်းကျော် စံချိန်တင်မြင့်လာခဲ့ပြီး လူဦးရေ…

ဘူးသီးတောင်အခြေစိုက် ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်

ဘူးသီးတောင်၊ ဧပြီ ၆ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၆၄ ခြေမြန်တပ်ရင်းဌာန ချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဧပြီ ၅ ရက်နေ့ ညပိုင်းမှာ သ တင်းထုတ်ပြန်ပါတယ်။ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာ…