ပခုက္ကူ၊ဧပြီ ၅

မကွေးတိုင်း၊ပခုက္ကူမြို့က ထွက်လာတဲ့ အစီး ၁၂၀ ပါယာဉ်တန်းက ကား ၈ စီးကို တော်လှန်ရေး တပ်တွေဘက်က မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစက်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းက မီးရှို့ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေ ဘက်က ရှေ့ဆက်လုပ်ရမယ့် အစီအစဉ်တွေအတွက် အသိပေးထုတ်ပြန်ထားတာတော့မရှိသေး ပါဘူး။

ပခုက္ကူမြို့နယ်ကနေ ပေါက်မြို့ကိုထွက်လာတဲ့ ယာဉ်တန်းကို ကမ္မမြို့အရောက်မှာ တော်လှန်ရေး တပ်တွေဘက်က မီးရှို့ဖျက်ဆီးခဲ့တာပါ။ 

“ရိက္ခာယာဉ်တန်းကို တိုက်ခိုက်ပြီးတော့ ပျက်စီးလို့ထားခဲ့တာတွေကို မီးရှို့ဖျက်ဆီးတဲ့သဘောပါ။ လမ်းတလျှောက်ဆို ၁၀ စီးလောက်ရှိမယ်။သေတာတွေလည်းမနည်းဘူး”လို့ ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မီးရှို့ဖျက်ဆီးလိုက်တဲ့ ကားတွေပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတွေကိုလည်း တောလှန်ရေးတပ်တွေ ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်းသူက ပြောပါသေးတယ်။

ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား ၁၀ စီးဝန်းကျင်ပျက်စီးခဲ့ပြီး အဲဒီ ယာဉ်တန်းမှာ စစ်ကောင်စီတပ်သား ၈၀၀ ကျော်ပါဝင်လာတဲ့အထဲက ၈၀ ကျော်သေဆုံးထား တယ်လို့ သိရပါတယ်။

အဲဒီယာဉ်တန်းဟာ ပခုက္ကူကနေ မင်းတပ်အထိထွက်ခွာမယ်လို့ တော်လှန်ရေးတပ်တွေဘက်က ယူဆတာတွေရှိနေပြီး လက်ရှိအချိန်မှာတော့ ပေါက်မြို့နယ် ရေပြာအနီးကို ရောက်ရှိနေပြီဖြစ် တယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Pauk Newsletter Page

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.