ထီးလင်း၊ဧပြီ ၃
မကွေးတိုင်း၊ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးနေ တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ဧပြီလ ၃ ရက်နေ့မှာ စတင်မီးရှို့ဖျက်ဆီးနေတာဖြစ်ကာ လက်တလောမှာတော့ နေအိမ် ၁၅ လုံး နီးပါး မီးလောင်ကျွမ်းပျက်စီးနေတယ်လို့သိရပြီး နေ့လည် ၁ နာရီအထိ ငြိမ်းသတ်နိုင်တာ မရှိသေးဘူးလိို့သိရပါတယ်။
ကျောကပစထဲက ထွက်လာတဲ့ အင်အား ၇၀ ပါ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံ တစ်ဦးက ပြောပါတယ်။
“ကျောကပစက ထွက်လာတဲ့ စစ်ကြောင်းက မီးရှို့တာပါ။ စရှို့ခြင်းတုန်းက နေအိမ်ငါးလုံး လောက်ကနေ ခု တဖြည်းဖြည်းမီးကူးနေတာပါ။ ထပ်ကူးနိုင်ပါသေးတယ်။” လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးနေတဲ့ ရေမျက်နီကျေးရွာက ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ရသေးဘူးလို့သိရပါတယ်။
လက်ရှိအချိန်ထိလည်း စစ်ကြောင်းဟာ ရေမျက်နီကျေးရွာမှာပြရှိနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ပစ်ခတ်နေတယ်လို့ သိရပါတယ်။
လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ISP – Myanmar မှာတော့ အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံမှာ မြို့နယ်ပေါး ၁၀၆ မြို့မှာ နေအိမ်နဲ့အဆောက်အအုံတွေ မီးရှို့ဖျက်ဆီဂခံထားရ တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ကတော့ နိုင်ငံတကာနဲ့ အာဆီယံကို အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးတာမရှိ ဘူးလို့ လိမ်လည်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YRA သတင်းနဲ့ပြန်ကြားရေး