April 3, 2024

နှစ်နိုင်ငံတင်းမာမှုတွေရပ်တန့်ရေး အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တို့ ဆွေးနွေး

ဝါရှင်တန်၊ ဧပြီ ၄ မြင့်တက်လာနေတဲ့ တင်းမာမှုတွေကို ရပ်တန့်စေဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ နိုဝင်ဘာလကတွေ့ဆုံပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီ ၂ ရက်နေ့က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ လာမယ့် မေလမှာကျင်းပမယ့် ထိုင်ဝမ်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ဘိုင်ဒန်အနေနဲ့ တရုတ်တစ်ပြည်ထောင်တည်း မူဝါဒကို ထောက်ခံကြောင့် ထပ်ပြီး အတည်ပြုမှာဖြစ်သလို…

ယူကရိန်းကို စစ်ရေးအကူအညီ ယူရို ၁၀၀ ဘီလျံပေးပို့ဖို့ နေတိုးအဖွဲ့ ဆွေးနွေး

ဘရပ်ဆဲလ်၊ ဧပြီ ၄ ယူကရိန်းနိုင်ငံအတွက် ၅ နှစ်တာ စစ်ရေး ရန်ပုံငွေ ယူရို ၁၀၀ ဘီလျံ ပေးဖို့အဆိုပြုချက် အပါအဝင် ယူကရိန်းကို စစ်ရေးအကူအညီပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး နေတိုးအဖွဲ့ဝင် ဝန်ကြီးတွေ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ လက်နက်ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်ရာမှာ ပိုပြီးတိုက်ရိုက်ကျတဲ့ အခန်းကဏ္ဍက ပါဝင်လာနိုင်မှာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ် ဂျန်စတိုးလ်တန်ဘာ့ဂ်က အဆိုပြုထားတယ်လို့ သံတမန်တွေက…

စစ်အာဏာသိမ်း (၁၁၅၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၃၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၄ AAPP ရဲ့ ဧပြီ ၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၅၈) ရက်အတွင်း ပြည်သူ (၄၈၃၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၇၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်မှုထမ်းအကြောင်းပြချက်နဲ့ ငွေကြေးတောင်းခံမှု အရေးယူမယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဧပြီ ၄ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပြချက်နဲ့ ငွေကြေးနဲ့တခြားအခွင့်အရေးရယူတဲ့ ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။ ဧပြီ ၂ ရက်နေ့က ဗထူးတပ်နယ်ရှိ အောင်ဆန်းခန်းမမှာ ခြေလျင်တပ်စုမှူးသင်တန်းသားတွေ၊ ဗိုလ် လောင်းတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာဖြစ်ပြီး ဘယ်လိုပုံစံတွေနဲ့ အရေးယူသွားမလဲဆိုတာ ပြောသွားခဲ့တာ မရှိပါဘူး။ ဒုစစ်ခေါင်းဆောင်က…

ပြာပုံထဲက နိုးကြားလာတဲ့ ဟင်္သာမျိုးစိတ်တွေရဲ့ တော်လှန်သံ

ကျိုက်မရော ၊ ဧပြီ ၄ စစ်အာဏာသိမ်းမှုအတွင်း အေးရာအေးကြောင်း နေထိုင်လာခဲ့ကြတဲ့ မွန်လူထုအများစုဟာ ဂျိုင်းမြစ်တောင်ဘက် မြစ်ကမ်းနဘေးမှာရှိတဲ့ ဓမ္မသရွာ မီးလောင်ပြာကျခဲ့ရချိန်မှာတော့ ဟင်္သာမျိုးစိတ်တွေရဲ့ တော်လှန်သံတွေ နိုးကြားတက်ကြွလာကြပါတယ်။ တပ်မတော်နေ့လို့ မြန်မာစစ်တပ်က နှစ်ပေါင်း ၇၀ ကျော် ခေါ်ဝေါသုံးစွဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေး နေ့မှာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဂျိုင်းမြစ်ဒေသက မွန်လူထုတွေနေထိုင်တဲ့ ဓမ္မသရွာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့…

သထုံမှာ လက်နက်ကြီးကျလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရ

သထုံ၊ ဧပြီ ၄ မွန်ပြည်နယ် သထုံမြို့နယ်ရှိ ကျေးရွာတွေထဲကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သထုံအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၉) ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ သထုံမြို့နယ်ကျေး ရွာတွေဖြစ်တဲ့ ချောင်းစောင့်၊ ထို့ကော်ကျိုးနဲ့ထုံးဘိုလေးကျေးရွာတို့ကို…

ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသားနှစ်ဦး ထောင်ပြင်ခေါ်ထုတ် သတ်ဖြတ်ခံရ

ထားဝယ်၊ ဧပြီ ၄ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို စစ်ကောင်စီ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ထောင်ပြင်ခေါ်ထုတ်ကာ ညှင်းပန်းသတ်ဖြတ်ခဲ့တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN က ထုတ်ပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသား ကိုမင်းသူနဲ့ ကိုဝင်းသီဟတို့နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အ ဆက်အသွယ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စရဖအဖွဲ့က ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ ညပိုင်းမှာ ခေါင်း…

ထီးလင်း ရေမျက်နီရွာကို စစ်တပ်မီးရှို့ဖျက်ဆီးနေ

ထီးလင်း၊ဧပြီ ၃ မကွေးတိုင်း၊ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးနေ တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ဧပြီလ ၃ ရက်နေ့မှာ စတင်မီးရှို့ဖျက်ဆီးနေတာဖြစ်ကာ လက်တလောမှာတော့ နေအိမ် ၁၅ လုံး နီးပါး မီးလောင်ကျွမ်းပျက်စီးနေတယ်လို့သိရပြီး နေ့လည် ၁ နာရီအထိ ငြိမ်းသတ်နိုင်တာ မရှိသေးဘူးလိို့သိရပါတယ်။ ကျောကပစထဲက ထွက်လာတဲ့ အင်အား ၇၀ ပါ…

လောင်းလုံးမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံး

လောင်းလုံး၊ ဧပြီ ၃ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီနေ့ ဧပြီ ၃ ရက် မနက် ၈ နာရီခွဲအချိန်ခန်မှာ စစ်ကောင်စီရဲ့ သဲပုံတောင်တပ်စခန်းကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သာယာကုန်းကျေးရွာဘက်ကို လက်နက်ကြီး ၃ လုံးထက်မနည်း…