ဘန်ကောက်၊ ဧပြီ ၃

ထိုင်းနိုင်ငံရဲ့ လိင်တူထိမ်းမြားခွင့် ဥပဒေကို အောက်လွှတ်တော်မှာ အတည်ပြုပြီးနောက် အထက်လွှတ်တော်မှာ အတည်ပြုရေး ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုပေးခဲ့ပါက ထိုင်းနိုင်ငံဟာ တန်းတူထိမ်းမြား လက်ထပ်ခွင့်ကို တရားဝင်အသိအမှတ်ပြုတဲ့ အရှေ့တောင်အာရှက ပထမဆုံးနိုင်ငံဖြစ်လာမှာပါ။

ထိုင်းနိုင်ငံဟာ လိင်တူစုံမက်သူတွေအပေါ် သည်းခံမှုကြောင့် နိုင်ငံတကာမှာ ဂုဏ်သတင်းကျော် ဇော်နေတာဖြစ်ပြီး ရှေးရိုးဆန်တဲ့ သဘောထားတွေနဲ့ တန်ဖိုးထားမှုတွေကြောင့် တက်ကြွလှုပ်ရှား သူတွေ ခက်ခက်ခဲခဲကြိုးပမ်းလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ကြာနေပြီဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ သီတင်းပတ်က အောက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီး လက်ရှိမှာတော့ စစ်အစိုးရရွေးချယ်ခန့်အပ်ထားတဲ့ ရှေးရိုးဆန်သူတွေ ကြီးစိုးတဲ့ အထက်လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိနေတာပါ။

ထိမ်းမြားလက်ထပ်မှု ဥပဒေမှာ သတ်မှတ်ထားတဲ့ အမျိုးသားနဲ့အမျိုးသမီးဆိုတဲ့အသုံးအနှုန်းကို လိင်ကြားနေသူများဆိုတဲ့ အသုံးအနှုန်းတွေအဖြစ် ပြောင်းလဲဖို့ သင့်မသင့်ကို အထက်လွှတ် တော်အမတ်တွေက ဆွေးနွေးကြမှာဖြစ်ပြီး နောက်ထပ်စဉ်းစား ဆုံးဖြတ်ရေး ကော်မတီတစ်ရပ် ကို မလွှဲပြောင်းခင် အထက်လွှတ်တော်မှာ ပထမဆုံး မဲခွဲဆုံးဖြတ်ကြမှာဖြစ်တယ်လို့ သိရပါ တယ်။

အထက်လွှတ်တော်အနေနဲ့ ဥပဒေကြမ်းကို ပယ်ချလို့မရပေမယ့် နောက်ထပ်ရက်ပေါင်း ၁၈၀ ကြာ ဆွေးနွေးပြီးနောက် အောက်လွှတ်တော်ကို ပြန်လည်ပို့ဆောင်နိုင်တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်က ထိုင်းအလှမယ်ဆုရရှိခဲ့တဲ့ ပေါ်လီနာတာယာ ပါအိုမီဖန်က ထိုင်းနိုင်ငံမှာ လိင်တူ ထိမ်းမြားခွင့်ရလိမ့်မယ်လို့ အစောပိုင်းက လုံးဝမထင်ထားခဲ့ဘူးလို့ ဆိုထားပြီး ဥပဒေသာ အတည်ဖြစ်လာခဲ့ပါက သူ့ချစ်သူနဲ့ သုံးနှစ်အတွင်း မင်္ဂလာဆောင်မယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ လိင်တူထိမ်းမြားခွင့်အပေါ် လူထုထောက်ခံမှုများတယ်လို့ သဘောထားစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အာရှတိုက်မှာတော့ ထိုင်ဝမ်နဲ့ နီပေါတို့ဟာ လိင်တူထိမ်းမြားခွင့်ကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံတွေဖြစ်တယ်လို့ သိရပါတယ်။

Ref:VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.